ဂျူလီယန်ဝတ် လီဗာပူးအသင်းအတွက် ပြန်လည် ကူညီပေးနေကြောင်း သတင်းထွက်

လီဗာပူးအသင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မကြာသေးခင်ကပဲ ရာထူးက နှုတ်ထွက်သွားတဲ့ ဂျူလီယန်ဝတ်ဟာ အသင်းထံ ပြန်လာပြီး ကူညီပေးနေတယ်လို့ ဆိုပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အကုန်မှာ ဂျူလီယန်ဝတ်က ရာထူးကနေ နှုတ်ထွက်သွားပြီး အေဂျက်ထံ ပြောင်းဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဩဂုတ်လမှာ လီဗာပူး အားကစားဒါရိုက်တာသစ် အဖြစ် ဂျော့ရှမတ်ကီ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဝတ်ဟာ အယ်လစ္စတာကို ခေါ်ယူရေးမှာ အဓိကကျခဲ့သူ ဖြစ်ခဲ့ပါတယ်။ မာကာဟာ ဂျူလီယန်ဝတ် ထားခဲ့တဲ့ အမွေအဖြစ် နည်းပြကလော့ပ်က ညွှန်းဆိုလေ့ရှိပြီး အဲ့နောက်ပိုင်း လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ဂျော့ရှမတ်ကီ ပါဝင်လာတဲ့ အပြောင်းအရွှေ့ ကော်မတီက စီမံခဲ့တာပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လို့ ဂျော့ရှမတ်ကီ ကိုယ်တိုင်ကပဲ သူဟာ အားကစားဒါရိုက်တာ ရာထူးမှာ ကလော့ပ်ရဲ့ လက်ထောက်ပဲဖြစ်တယ်လို့ ဆိုခဲ့ကာ သူ့ရှေ့က မိုက်ကယ်အတ်ဝတ်၊ ဂျူလီယန်ဝတ်တို့လို လုပ်ပိုင်ခွင့် အပြည့်အဝ ရခဲ့ဟန် မရှိပါဘူး။

လီဗာပူးဘက်က ဂျော့ရှမတ်ကီကို ကာလတိုအတွက်ပဲ ခေါ်ယူတာဖြစ်ပြီး ရှေရည်မှာ လီဗာပူးရဲ့ အားကစားဒါရိုက်တာသစ် ဘယ်သူဖြစ်လာမလဲ မေးခွန်းထုတ်နေကြဆဲပါ။ ထူးထူးခြားခြား အဖြစ် ဩဂုတ်လ လဝက်လောက်ကစပြီး ဂျူလီယန်ဝတ်ဟာ အသင်းထံ ပြန်လာကာ ကူညီပေးမှုတွေ လုပ်ခဲ့တယ်လို့ သိလာရပါတယ်။

ဂျူလီယန်ဝတ်ဟာ သူ့ရဲ့ ရာထူးကို ပြန်ယူသွားမလား မသိနိုင်သေးပေမယ့် လီဗာပူးအသင်းမှာ ဆာလာ အပြောင်းအရွှေ့ ကိစ္စ အပြင် ခံစစ်မှူးသစ် ရှာဖွေရေး၊ နည်းပြကလော့ပ် နေရာ ရေရှည် အစားထိုးမယ့် အလားအလာရှိ ပုဂ္ဂိုလ် ရှာဖွေရေးလို ကိစ္စတွေ ရှိနေတာ ဖြစ်ပါတယ်။