ဒါဝင် ဒဏ်ရာရှိနေခြင်း၊ ဝုဗ်ပွဲမှာ VAR ကိုင်မယ့် တီရာနေး၊ ဗန်ဒိုက်ကို နယ်သာလန်ဘက်က ဝေဖန်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

စကော့တလန် ၁-၃ အင်္ဂလန်ပွဲမှာတော့ စကော့တလန်အသင်းရတဲ့ သွင်းဂိုးဟာ ရော်ဘတ်ဆန်ရဲ့ ဧရိယာအတွင်း ပေးချက်ကို ရှင်းထုတ်ဖို့ ကြိုးစားရာကနေ မက်ဂွဲရား ကိုယ်ဂိုးကို သွင်းယူမိခဲ့တာပါ။

မနက်က ဥရုဂွေးပွဲမှာ တိုက်စစ်မှူး ဒါဝင်ဟာ ၄၅ မိနစ်ပဲ ကစားနိုင်ခဲ့ပါတယ်။ နည်းပြဘီရယ်ဆာကတော့ ဒါဝင်ဟာ လက်ရွေးစင်အသင်းထံ လာရောက် ပူးပေါင်းကတည်းက ကြွက်သားဒဏ်ရာ ရှိနေတယ်လို့ ဆိုပါတယ်။

မက်ကယ်လစ္စတာကို အနီကဒ် မှားယွင်းပေးမှု ရှိထားပေမယ့်လို့ ဒိုင်လူကြီး ပေါတီရာနေးဟာ ဒီအပတ် ဝုဗ်နဲ့ လီဗာပူးပွဲကို ကိုင်တွယ်သွားဦးမှာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဆိုဘိုစလိုင်က ဂျရတ်က သူ့ရဲ့ ဟီးရိုးဆိုပေမယ့် ကမ္ဘာကျော် ဘောလုံးသမားကြီး စီရော်နယ်ဒိုဟာလည်း သူ့ရဲ့ စံပြတစ်ယောက် ဖြစ်ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လိုက်ဇစ် ဒါရိုက်တာဟောင်း Max Eberl နဲ့ တွေ့ဆုံပြီး ကလပ်ရဲ့ အားကစားဒါရိုက်တာ ရာထူးအတွက် စကားပြောမှု ပြုလုပ်မှာ ဖြစ်ပါတယ်။

EA Sports ဟာ ဆာလာရဲ့ rating ကို ၉၀ ကနေ ၈၉ ကို လျော့ချလိုက်ပြီ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ပွဲစဉ်အဖြစ် Union SG အသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရာမှာ အန်းဒါးလက်ကွင်းကို အသုံးပြုမှာပါ။ ဘယ်ဂျီယံကလပ်ရဲ့ အိမ်ကွင်းဟာ ပရိသတ် ၉၀၀၀ ပဲ ဆံ့တာကြောင့်ဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ လီဗာပူး အကြီးအကဲတွေကို ယာဂင်ကလော့ပ်နဲ့ စကားပြောခွင့်ရဖို့ ချဉ်းကပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

နယ်သာလန် ဝေဖန်ရေးသမားတွေက ဗန်ဒိုက်ကို အတော်လေး အထင်မြင်သေးနေကြ​ကာ လက်ရွေးစင်အသင်းကို ဦးဆောင်နိုင်စွမ်းမရှိတဲ့ ဒတ်ချ် မက်ဂွဲရားလို့ပါ ကင်ပွန်းတပ်ခဲ့ကြပါတယ်။