လက်ရွေးစင်မှာ နေရာမရတဲ့ အယ်လီဆန်၊ ဗန်ဒုတ်အကြောင်း ကြားထားတဲ့ စတိဗ်ကလက်၊ အန်ဒရီကိစ္စ ဆက်ရန်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

စကော့တလန်နည်းပြ စတိဗ်ကလက်က ဗန်ဒုတ်ရဲ့ သတင်းကောင်းတွေကို သူလည်း ကြားသိထားပေမယ့် လက်ရွေးစင်အသင်းကြီးအတွက် မရွေးသေးဘဲ ယူ-၂၁ အသင်းမှာပဲ ပုံမှန်ပွဲကစားခွင့် ဆက်ပေးထားဖို့ ရည်ရွယ်နေပါတယ်။

လီဗာပူးနဲ့ ဖလူမီးနက်စ် ကွင်းလယ်လူ အန်ဒရီ အပြောင်းအရွှေ့ ကိစ္စဟာ ဆက်ရန် မရှိတော့တာမျိုး မဟုတ်ဘဲ လာမယ့် စျေးကွက်တွေမှာ ပြန်ပြီး စကားပြောမှုတွေ ရှိလာနိုင်ပါတယ်။

ယာဂင်ကလော့ပ်ဟာ ဂျာမနီလက်ရွေးစင်အသင်းဘက်က ချဉ်းကပ်မှုကို ပြတ်ပြတ်သားသား ငြင်းဆန်ထားပြီဖြစ်ကာ လီဗာပူးအသင်းနဲ့ စာချုပ်အပေါ် လေးစားမှုရှိမှာ ဖြစ်ပါတယ်။

လူငယ်စတား ထရန့် ကိုနေး-ဒိုဟာတီက စီနီယာလေ့ကျင့်ရေးမှာ သူ့ကိုလည်း ထရန့်လိုပဲ ခေါ်ဝေါ်ကြပြီး ထရန့်တွေချင်း ထပ်နေလို့ ရယ်မောကြရတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

ကယ်ဗင် မက်ကယ်လစ္စတာက အန်ဖီးကွင်းမှာ သူ့ရဲ့ ညီကိုဖြစ်တဲ့ မာကာနဲ့ ယှဉ်ပြိုင်ကစားရဖို့ကို သိပ်ပြီး စိတ်လှုပ်ရှားသလို မိသားစုချင်း ယှဉ်ပြိုင်ရဖို့က အိပ်မက်ဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးရဲ့ ပရီးမီးယားလိဂ် လူစာရင်း တင်မှုဟာ ၂၃ ဦးပဲရှိပြီး homegrown ကစားသမားတွေအဖြစ် ဂလေဇယ်၊ ဂျာရိုစ့်၊ ကလယ်ဟာ၊ ထရန့်၊ ဂိုးမက်စ်နဲ့ ကာတစ်ဂျုံးတို့ ၆ ဦးပဲ စာရင်းတင်နိုင်ခဲ့ပါတယ်။

ဒါဝင် နူးညက်စ်ရဲ့ ဒဏ်ရာအခြေအနေကို လီဗာပူးအသင်းဘက်က စစ်ဆေးရခြင်း မရှိသေးဘဲ အသေးစား ဒဏ်ရာလောက်လို့ပဲ မှန်းဆရပါသေးတယ်။

ဘရာဇီးလက်ရွေးစင်အသင်းမှာ အယ်လီဆန်ကို ကျော်ပြီး အီဒါဆန်ကို နေရာပေးရတာ ခက်ခဲပေမယ့် လက်တလောမှာတော့ မန်စီးတီးဂိုးသမားကိုပဲ ပွဲထုတ်လိုတာကြောင့်ဖြစ်ကြောင်း ယာယီနည်းပြက ဆိုပါတယ်။

တူနီးရှားအသင်းက အီဂျစ်အသင်းကို ၃-၁ ဖြင့် အနိုင်ရချိန်မှာ တူနီးရှားအသင်းမှ မန်ယူနိုက်တက် ကစားသမား Hannibal Mejbri ရဲ့ ယောဂ ကျင့်ပုံ အောင်ပွဲခံမှုနဲ့ လှောင်ပြောင် အောင်ပွဲခံခဲ့ပါတယ်။