အံ့အားသင့်ဖွယ် နာမည်တင်မှု ပါဝင်လာတဲ့ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်း (၂၃) ဦး

လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် လူစာရင်း တင်ခဲ့ပြီဖြစ်ကာ ‘homegrown’ အသင်းသား ၆ ဦးအပါအဝင် ၂၃ ဦးပါ လူစာရင်း ဖြစ်ပါတယ်။

ထူးထူးဆန်းဆန်းအဖြစ် အသင်းဟာ တိုက်စစ်သမား ပေါလ်ဂလက်ဇယ်ကို ဒီရာသီ ပရီးမီးယားလိဂ် လူစာရင်းထဲ ထည့်လာခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ မနှစ်ကရာသီ ထရန်မီရီအသင်းထံ အငှားထွက်နေခဲ့ပြီး ဒဏ်ရာကြောင့် တစ်ရာသီလုံးမှ ၁၄ မိနစ်ပဲ ကစားထားသူပါ။

လူငယ် အက်ဖ်အေဖလား ချန်ပီယံဟောင်းဟာ လီဗာပူးရဲ့ အတောက်ပဆုံး အကယ်ဒမီ တိုက်စစ်သမား ဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေဟာ သူ့ရဲ့ တက်လှမ်းကို ပိတ်ဆို့သွားခဲ့ပါတယ်။ သူ့ကို ကလပ်ရဲ့ လူစာရင်းထဲ ထည့်ခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ နေရာပေးဖွယ် မရှိပါဘူး။

အခြားသော ‘homegrown’ သမားတွေအဖြစ် ညာအစွန်လူ ထရန့်၊ ခံစစ်သမား ဂိုးမက်စ်၊ ကွင်းလယ်လူ ကာတစ်ဂျုံး၊ ဂိုးသမားတွေဖြစ်တဲ့ ကလယ်ဟာ၊ ဂျာရိုစ့်တို့ ဖြစ်ကြပါတယ်။ လီဗာပူးအသင်းဟာ ‘homegrown’ လိုအပ်ချက်များတဲ့ အသင်းဖြစ်နေပြီး နောက်ထပ် ၂ ဦးထိကို ထပ်ဖြည့်ခွင့်ရှိထားခဲ့တာပါ။

အသင်းရဲ့ ‘non-homegrown’ ကစားသမားစာရင်းကတော့ ဒီနွေမှ ခေါ်ယူထားတဲ့ ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာ၊ အန်ဒိုတို့နဲ့အတူ ၁၇ ဦး အပြည့် ပါဝင်လာခဲ့ပါတယ်။

လူငယ်စတား ဗန်ဒုတ်၊ ဟာဗေး၊ ဘာ့ဆဲတစ်နဲ့ ဘိုင်ယန်မြူးနစ်ကနေ ခေါ်ယူထားတဲ့ ဂရာဗင်ဘက်ချ်တို့ကတော့ ယူ-၂၁ အောက် ကစားသမားတွေအဖြစ် ပါဝင်လာခဲ့ပါတယ်။

Liverpool’s 2023/24 Premier League squad

  • ဂိုးသမား – အယ်လီဆန်၊ ကလယ်ဟာ၊ အတ်ဒရီယန်၊ ဂျာရိုစ့်။
  • ခံစစ်သမား – ဗန်ဒိုက်၊ ကိုနတေး၊ ဂိုးမက်စ်၊ မာတစ်၊ ထရန့်၊ ရော်ဘတ်ဆန်၊ ကိုစတက်။
  • ကွင်းလယ် – ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာ၊ သီယေဂို၊ ဂျုံး၊ အန်ဒို။
  • တိုက်စစ် – ဆာလာ၊ ဒီယက်စ်၊ ဂက်ပို၊ ဒါဝင်၊ ဂျိုတာ၊ ဂလက်ဇယ်။
  • U-21 : ပီတာလူးဂါ၊ ကွမ်းဆက်၊ ဘရတ်ဒလေ၊ ဘာ့ဆဲတစ်၊ အယ်လီးယော့၊ ဂရာဗင်ဘက်ချ်၊ ဗန်ဒုတ်၊ ကလက်။