ဘယ်လင်ဟမ်လို အရည်အချင်းကောင်းတွေ မြင်နေရပြီး လီဗာပူး အောင်မြင်ရေး အဓိကကျမယ့်သူ ဆိုတဲ့ ချီးကျူးမှု

ဒီရာသီမှာ လီဗာပူးအသင်းရဲ့ ကွင်းလယ်ဟာ အတော်လေး ချီးကျုးခံနေရပြီး ကလပ်ရဲ့ ကြယ်ပွင့်သစ်ဟာ ဆိုရင် ဂန္တဝင်ကြီး ဂျရတ်ရဲ့ အလားအလာမျိုးရှိသူ အဖြစ် နှိုင်းယှဉ်ခံလာရပါတယ်။

မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ဟာ လီဗာပူးရဲ့ ပွဲထွက် ၁၁ ဦး နေရာထံ တိုက်ရိုက် ဝင်ရောက်လာခဲ့သလို ယာဂင်ကလော့ပ်ရဲ့ ဗားရှင်းသစ်မှာ အဓိကကျတဲ့ ထောက်တိုင်တွေ ဖြစ်လာနေပါတယ်။ BBC Radio 5 ရဲ့ Daily Podcast အစီအစဉ်မှာ ဆိုဘိုဟာ အတော်လေး ဆွေးနွေးခံရသူ ဖြစ်လာခဲ့တယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူက လီဗာပူးထံ ပြောင်းရမယ်ဆိုရင် ချန်ပီယံလိဂ် တစ်ရာသီ ချန်ပီယံလိဂ် မကန်ရလည်း ရပါတယ်ဆိုတဲ့ ကြွေးကြော်မှုနဲ့ အန်ဖီးကို ဝင်ရောက်လာခဲ့သူပါ။ သူဟာ ဒီရာသီ မန်စီးတီးကို အနိုင်ယူပြမယ်ဆိုတဲ့ နိုင်လိုစိတ် ပြင်းထန်မှုလည်း ရှိသူဖြစ်ပါတယ်။

BBC Radio 5 ကတော့ “ လီဗာပူး ကွင်းလယ်လူတွေကို သဘောကျပါတယ်။ ဆိုဘိုစလိုင်နဲ့ မက်ကယ်လစ္စတာတို့က အတော်လေး အဆင့်အတန်းရှိကြတယ်။ ဆိုဘိုစလိုင်ဟာ ဘယ်လင်ဟမ်နဲ့တောင် ဆင်ပါတယ်။ ဘယ်လင်ဟမ်လို တောက်ပတဲ့ အလားအလာတွေ သူ့နားကနေ မြင်နေရတယ်။

ကိုယ်မြင်တာကို ပြောရရင် ဆိုဘိုစလိုင်မှာ အရည်အချင်းတွေ အားလုံး ရှိနေတယ်။ သူက ဂျရတ် ငယ်ငယ်တုန်းက ပုံစံကိုတောင် သတိရမိစေတယ်။ ဒီရာသီ လီဗာပူးအသင်း အောင်မြင်ရေးအတွက် သူက အတော်လေး အဓိကကျသူ ဖြစ်လာပါလိမ့်မယ် ” လို့ မှတ်ချက်ပေးခဲ့တာပါ။

ဗြိတိန်သတင်းဌာနရဲ့ ဆိုဘိုစလိုင်ဟာ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဟမ်လို ကိုယ်ယောင်ကိုယ်ဝါမျိုး ရှိသူလို့ ချီးကျူးခြင်းဟာ ဟန်ဂေရီ အသင်းခေါင်းဆောင်ရဲ့ လုပ်နိုင်စွမ်းအပေါ် အတော်လေး သတိထားမိနေကြတဲ့ သက်သေပဲ ဖြစ်ပါတယ်။