ဒီအပတ်ပွဲ ပါနိုင်ဖွယ် မရှိတဲ့ ထရန့်၊ ခံစစ်မှူးသစ်အတွက် ပေါင် သန်း ၆၀၊ စတုဂတ် အသင်းဖော်တွေကို သွားနှုတ်ဆက်တဲ့ အန်ဒို၊ နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ခံစစ်မှူးသစ် ခေါ်ယူရေး အသုံးစရိတ် ပေါင် သန်း ၆၀ ရှိထားတယ်လို့ သိရပါတယ်။ ဒီပြောင်းရွှေ့ကြေးဖြင့် အကျိုးရှိတဲ့ ခေါ်ယူမှု ပြုလုပ်ဖို့ ခံစစ်မှူး များစွာကို ကင်းထောက်နေပါပြီ။

စပို့တင်း ခံစစ်မှူး အန်နာဆီယိုဟာ လီဗာပူးအသင်း စောင့်ကြည့်နေတဲ့ ကစားသမားတွေထဲ ထိပ်ဆုံးက ပါဝင်သူဖြစ်တယ်လို့ သိရပြီး ဇန်နဝါရီမှာ အလျင်အမြန် ချိတ်ဆက်မှုမျိုးတော့ ရှိလာဦးမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းရဲ့ ကြာသပတေးနေ့ လေ့ကျင့်ရေးမှာ ခံစစ်မှူး အီဘူး ပြန်ပါလာနိုင်ပြီး ဝုဗ်ပွဲမှာတော့ ပွဲထွက်နိုင်ဖွယ် ရှိပါတယ်။

ထရန့်နဲ့ သီယေဂိုတို့ဟာ လေ့ကျင့်ရေး မဝင်နိုင်ကြသေးပေမယ့် ပြန်ကစားနိုင်ဖို့ အတော်လေး နီးစပ်နေပြီဖြစ်ပါတယ်။

ရာသီကုန်မှာ စာချုပ်ကုန်ဆုံးမယ့် မာတစ်ဟာ လီဗာပူးနဲ့ သက်တမ်းထပ်တိုးမှာ မဟုတ်ဘဲ အလွတ်ဖြင့် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

တူရကီလိဂ်ထံ သီယေဂို ပြောင်းမယ်လို့ သတင်းတွေ ထွက်နေပေမယ့်လို့ လီဗာပူးအသင်းက သူ့ကို ရာသီကုန်ထိ ဆက်ထိန်းသွားဖို့ ဆန္ဒရှိနေဆဲ​ ဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ် ကာလအပြီးမှာ အန်ဒိုဟာ အသင်းဖော်ဟောင်းတွေကို သေချာလေး နှုတ်ဆက်ဖို့အတွက် စတုဂတ်အသင်းကို ပြန်သွားခဲ့ပါတယ်။ စတုဂတ် ကစားသမားတွေက အန်ဒိုကို ချစ်ခင်စွာ ကြိုဆိုခဲ့ကြပါတယ်။

လူငယ် ညာအစွန်လူ ရမ်ဆေးဟာ ဒဏ်ရာကြောင့် လအတန်ကြာ ဘောလုံးကစားနိုင်မှာ မဟုတ်တာမို့ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ဖို့ အက်ဆာကို ပြန်ရောက်နေပါတယ်။

အန်ဖီးကွင်းအတွင်း The Anfield Road ပွဲကြည့်စင် အပေါ်ပိုင်း တိုးချဲ့နေရာမှာ ထူးထူးခြားခြားအဖြစ် ခုံအပြာရောင် တစ်ခုကို ထားရှိထားတာဟာ အဲဗာတန်ကွင်း တည်ဆောက်မှုမှာ မတော်တဆ ကွယ်လွန်သွားတဲ့ အဲဗာသတ်ပရိသတ်အတွက် အောက်မေ့ ရည်ရွယ်ခြင်းလို့ ယူဆရပါတယ်။