လီဗာပူး တိုက်စစ်ကို ဖြုံပြီး ကွင်းလယ်ကိုလည်း သဘောကျတယ် ဆိုတဲ့ ဆက်တန်ရဲ့ ဒီအပတ် ဝုဗ်နဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

နိုင်ငံတကာ သီတင်းပတ်အပြီး ပထမဆုံးသော ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးအသင်းဟာ စနေနေ့ အစောပိုင်းမှာ ဝုဗ်အသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

ဒီအပတ်ပွဲအကြိုမှာ ဘီဘီစီမှ ခရစ်ဆက်တန်က ပွဲကြို သုံးသပ်ချက် ပြုလုပ်လာခဲ့ပြီး လီဗာပူးအသင်းရဲ့ ဒီရာသီ မာကျောတဲ့ ခြေစွမ်းတွေကို အထင်ကြီးကြောင်း ပြသခဲ့ပါတယ်။

Wolves v Liverpool

လီဗာပူးအသင်းဟာ ဒီရာသီ မန်စီးတီးကို အနီးကပ်ဆုံး စိန်ခေါ်နိုင်မယ့် ပြိုင်ဘက် ဖြစ်လိမ့်မယ်လို့ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်တုန်းက ကျနော် ပြောခဲ့ပါတယ်။ သူတို့ကြည့်ရတာ လမ်းကြောင်းမှန်ပေါ်ရောက် အလုပ်ဖြစ်လာပုံပါပဲ။

ဆော်ဒီအာရေဗျဘက်က စိတ်ဝင်စားမှုတွေ ရခဲ့ပေမယ့် မိုဟာမက် ဆာလာ ကို ထိန်းထားနိုင်လိုက်တာက အားရစရာပါ။ လီဗာပူးရဲ့ တိုက်စစ်လိုင်းက လုံးဝ အားကောင်းနေပြီ။ သူတို့ ကွင်းလယ်အတွဲသစ်ကိုလည်း သဘောကျတယ်။

ဝုဗ်က ကစားတာ အဆိုးကြီး မဟုတ်ပါဘူး။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်က ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ သူတို့ သိပ် ကံမကောင်းခဲ့တာပါ။ ဒါပေမယ့် ဒီအပတ် လီဗာပူးကို သူတို့ တောင့်ခံ မထားနိုင်လောက်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်ကတော့ ဝုဗ် ဝ-၂ လီဗာပူး ရလဒ် ထွက်ပေါ်မယ်လို့ ဖြစ်ပါတယ်။