

ဩဂုတ်လရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကာကွယ်မှုအဖြစ် နယူးကာဆယ်ဘက်က အာမီရွန်ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့တဲ့ အယ်လီဆန်ရဲ့ ကာကွယ်မှုက ရွေးချယ်ခံခဲ့ရပါတယ်။
ဟန်ဒါဆန် အသင်းမှာ ဆက်နေအောင်ဆိုပြီး ပွဲကစားခွင့်တွေ ပေးမယ်လို့ မပြောပေးနိုင်ခဲ့ပါဘူးလို့ ကလော့ပ်က ထုတ်ပြောလိုက်ပါတယ်။ ကလော့ပ်ကတော့ ကွင်းလယ်လူသစ်တွေ ရောက်လာတာမို့ အားလုံးကို အခွင့်အရေး မပေးနိုင်ကြောင်း နားလည်ထားတာပါ။
ဝုဗ်အသင်းအတွက် ခရီးထွက်သွားတဲ့ လီဗာပူး လူစာရင်းမှာ လက်ရွေးစင်အသင်းမှာ ဒဏ်ရာ ပြဿနာရှိထားတယ်ဆိုတဲ့ ဒါဝင်လည်း ပါဝင်သွားပါတယ်။
နိုင်ငံတကာသီတင်းပတ်မှာ ဂရာဗင်ဘက်ချ်က အက်ဆာမှာ ဆက်ရှိနေတာမို့ အသင်းကစားနေတဲ့ နည်းစနစ်တွေရဲ့ အခြေခံ အပိုင်းတွေအတွက် ဆွေးနွေး စကားပြောထားတယ်လို့ ကလော့ပ်က ဆိုပါတယ်။
ဝုဗ်ပွဲမတိုင်ခင် နာရီ ၃၀ ကမှ မက်ကယ်လစ္စတာဟာ အာဂျင်တီးနားအတွက် ကစားထားတာမို့ သူ့ကို ဒီအပတ်ပွဲမှာ ပွဲထွက်လူစာရင်းကနေ ထည့်သင့် မထည့်သင့် စဉ်းစားဦးမယ်လို့ နည်းပြကလော့ပ်က ဆိုပါတယ်။
အားကစားသိပ္ပံပိုင်းဆိုင်ရာ ကျွမ်းကျင်နားလည်သူတွေကတော့ ဘောလုံးပရိသတ်တွေ အနေနဲ့ ကိုယ့်အသင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ပွဲတစ်လေ ပွဲထွက်လူစာရင်းက ပါဝင်လာခြင်း မရှိတာကို နားလည်ကြဖို့နဲ့ တံကောက်ကြောလို ကာလရှည် ဒဏ်ရာမဖြစ်ရေး အရှည်ကိုကြည့်ဖို့ တိုက်တွန်းနေကြပါတယ်။
နေ့ခင်း ၁၂ နာရီခွဲပွဲတွေဆို ဘာလို့ မနိုင်တာလဲ? ပြင်ဆင်ချိန် မရှိလို့လား? လို့ မေးခံရချိန်မှာ ကလော့ပ်က ပြီးခဲ့တဲ့ နာရီ ၃၀ ကပဲ လက်ရွေးစင်ပွဲအတွက် ပွဲထွက်ထားပြီး ၁၂ နာရီကြာ လေယာဉ်ခရီးစဉ်ဖြင့် ကလပ်ထံ ပြန်လာပူးပေါင်းရတဲ့ ကစားသမားတွေက ဘယ်မှာ နားချိန်ရှိနေလို့လဲ ဆိုပြီး ကလော့ပ်က ပြန်တုန့်ပြန်ပါတယ်။
အက်ဖ်အေကတော့ ဗန်ဒိုက်ဟာ အနီကဒ်အတွက် ကွင်းထဲက ချက်ခြင်း ထွက်မသွားဘဲ ကွင်းထဲမှာ ၁၅ စက္ကန့်လောက် ဆက်ရှိနေမှုအတွက် နောက်ထပ် ပွဲပယ် ၁ ပွဲနဲ့ ဒဏ်ကြေး ၅ သောင်း ထပ်တပ်လိုနေပါတယ်။
အက်ဖ်အေရဲ့ နယူးကာဆယ်ပွဲမှ ဗန်ဒိုက်ရဲ့ ဒေါသထွက်တဲ့ အပြုအမှုကို အရေးယူမှုဟာ အင်္ဂလန်မှာ ကြီးကြီးမားမား တိုက်ဖျက်နေတဲ့ လူမျိုးရေး ခွဲခြားမှု ကိစ္စတွေအတွက် ချမှတ်တဲ့ ဒဏ်ကြေးထက် ပိုများပါတယ်။