နိုင်ငံတကာ သီတင်းပတ်မှာ ဂရာဗင်ဘက်ချ်ဟာ နယ်သာလန် ယူ-၂၁ အသင်းအတွက် ရွေးချယ်ခံရပေမယ့် နယ်မြေသစ်မှာ အထိုင်ကျအောင် ကြိုးစားလိုတာမို့ လူစာရင်းကနေ နှုတ်ထွက်ပြီး အက်ဆာမှာ ဆက်ရှိနေခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ လီဗာပူးအသင်းမှာတော့ Six Role လို့ နည်းပြအဖွဲ့က သတ်မှတ်ထားတဲ့ ကွင်းလယ် တာဝန်ကို ရယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် Six Role စစ်စစ် မဟုတ်ဘဲ တိုက်စစ်ကို လိုက်ပါခွင့်လည်း ပေးမယ်လို့ သိရတယ်။
လီဗာပူးကစားသမားဘဝ ပထမအပတ်မှာ ဂရာဗင်ဘက်ချ်ဟာ လေ့ကျင့်ရေးကွင်း၊ အိမ်ရှာဖွေခြင်း၊ ဟိုတယ်၊ ထမင်းစားခန်း ဒီ (၄) ခုအတွက်ပဲ အလုပ်များနေခဲ့ပါတယ်။ အသင်းဖော် အများစုက လက်ရွေးစင်အသင်းတွေထံ သွားရောက် ပူးပေါင်းနေလို့ အသင်းလိုက် လေ့ကျင့်ရေးတွေ သူလုပ်ခွင့် မသာခဲ့ပါဘူး။
ဒီအခွင့်အရေးမှာ လီဗာပူးနည်းပြအဖွဲ့က ဂရာဗင်ဘက်ချ်ကို အသင်းမှာ သူကစားရမယ့် အခြေခံ နည်းစနစ်ပိုင်းတွေကို ရှင်းပြမှုတွေ ပြုလုပ်ထားခဲ့တယ်လို့ The Times က ဖော်ပါတယ်။
တစ်ဦးချင်း လမ်းညွှန်းမှုမှာတော့ နည်းပြကလော့ပ်နဲ့အတူ လက်ထောက်ဖြစ်တဲ့ ပပ်လင်ဒါးလည်း ပါဝင်ခဲ့ပြီး ဂရာဗင်ဘက်ချ်ကို မိတ်ဆက် နည်းစနစ် တစ်ခု ဦးစားပေး သင်ပြပေးနေပါတယ်။
ဂရာဗင်ဘက်ချ် အထူး ဂရုစိုက် လေ့လာခဲ့ရတာက ဘောလုံးမပါဘဲနဲ့ ပြင်းထန်စွာ ဖိအားပေးကစားနိုင်ရေး အပိုင်းပါပဲ။ ဘောလုံး လက်လွတ်သွားရင် ပြာယာခတ် လိုက်လုတာမျိုး မဟုတ်ဘဲ ချက်ခြင်း ပြန်ယူနိုင်ရေး ဘယ်လို ကစားစေချင်သလဲ လမ်းညွှန်းနေတာပါ။
တစ်ဦးချင်း လေ့ကျင့်မှုရဲ့ ရလဒ်ကို မသိရပေမယ့်လို့ ဂရာဗင်ဘက်ချ်ဟာ နည်းပြအဖွဲ့ဝင်တွေ စိတ်ကျေနပ်အောင် စွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ ကြားသိရတယ်။ သူ့ထံက အလားအလာ အများကြီးရှိတယ်လို့ သတင်းကောင်း ကြားထားရပါတယ်။