လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ရမယ်ဆိုပေမယ့် သူတို့အသင်း အစွမ်းကုန် ကြိုးစား တိုက်ခိုက်သွားမယ်လို့ စပါးအသင်း ယာယီနည်းပြ ရိုင်ယန်မေဆန်က ပြောပါတယ်။
ရာသီကုန်ရင် ထိပ်ဆုံး ၄ သင်းဝင်ခွင့် အခွင့်အရေးဟာ အသင်းရဲ့ လက်ထဲမှာ မရှိဘူးလို့ ဗန်ဒိုက်က ဝန်ခံခဲ့ပြီး အကောင်းဆုံး ကြိုးစားပြီး ရလာတဲ့ အဖြေကို လက်ခံသွားဖို့ပဲ ရှိပါတယ်လို့ တုန့်ပြန်ပါတယ်။
နယူးကာဆယ်ဟာ မေဆန်မောင့်ကို ခေါ်ယူရေး လက်လျော့သွားပြီဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်လူကို ချယ်ဆီးက ရောင်းထုတ်ဖို့ စိတ်မဝင်စားသလို သူ့ကို ခေါ်ယူမယ့် ကလပ်က လုပ်ခ မြင့်မြင့်မားမား ပေးရမယ်လို့ သိထားရတာပါ။
အီတလီသတင်းထောက် Matteo Moretto ရဲ့ ဖော်ပြမှုအရ လီဗာပူးအသင်းဟာ ဘာရယ်လာကို ခေါ်ယူရေး လှုပ်ရှားမှုတွေ စတင်နေပါပြီ။ အခုချိန်ထိ တိုးတက်လာတဲ့ အခြေအနေ အဆင့်ကို မရောက်သေးပေမယ့် လီဗာပူးဘက်က အင်တာမီလန် ကွင်းလယ်လူကို အတည်ကြီး စိတ်ဝင်စားနေတာပါ။
ဘောလုံးကွင်းထဲ ခြေပြန်ချနိုင်ဖို့ သူဘယ်လို ကြိုးစားခဲ့ရလဲ ဆိုတာအတွက် ၂ မိနစ်စာ ဗီဒီယိုဖိုင်ကို တွစ်တာကနေ ဒီယက်ဇ်က တင်ခဲ့ရာမှာ သူ့ရဲ့ အားထုတ်မှုကို ပရိသတ်တွေ သိမြင်ခွင့် ရခဲ့ပါတယ်။
ကလော့ပ်က မပြင်းထန်ပါဘူးလို့ ထုတ်ပြောထားပေမယ့် စပါးပွဲကို ဂျိုတာ လွဲချော်မယ်ဆိုတဲ့ သတင်းတွေ အတော် ထွက်ပေါ်နေပါတယ်။
လီဗာပူး ကင်းထောက်တွေဟာ ဖီယင်နိုအသင်းမှ အသက် ၂၂ အရွယ် တူရကီ ကွင်းလယ်လူ အိုကန်ကိုချူကို လိုက်လံ စောင့်ကြည့်နေပါတယ်။
တူရကီကလပ် ဂါလာတာစရေးဟာ လီဗာပူး တိုက်စစ်သမား ကာဗာရိုကို တစ်ရာသီ အငှား ခေါ်ယူလိုနေပါတယ်။
ဒီအပတ် အိမ်ကွင်းပွဲတွေမှာ ပွဲမစခင် ပရီးမီးယားလိဂ်ကလပ်တွေကို နိုင်ငံတော်သီချင်းဖြစ်တဲ့ ‘God Save the King’ သီချင်း ဖွင့်ပေးဖို့ တောင်းဆိုထားရာမှာ လီဗာပူးအသင်းကိုပါ ကမ်းလှမ်းထားပါတယ်။