လီဗာပူးအသင်းရဲ့ ရောင်းအကောင်းဆုံး ဂျာစီ ပိုင်ရှင် နေရာက ဆင်းပေးလိုက်ရတဲ့ ဆာလာ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ ရောင်းအကောင်းဆုံး ဂျာစီ နံပါတ် ပိုင်ရှင် ၁၀ ဦး စာရင်း ထွက်ပေါ်လာရာမှာ မိုဆာလာဟာ နံပါတ် ၁ နေရာကနေ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်း လက်လီ အရောင်းဆိုင်တွေရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့ ၂ ရာသီမှာ မိုဆာလာဟာ အသင်းရဲ့ ရောင်းအကောင်းဆုံး ဂျာစီရဲ့ ပိုင်ရှင် ဖြစ်ထားတာပါ။ ဒါပေမယ့် ဒီရာသီမှာတော့ ကွင်းလယ်လူသစ် ဆိုဘိုစလိုင်က ဆာလာကို ကျော်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အသင်းရဲ့ ရောင်းအကောင်းဆုံး ဂျာစီပိုင်ရှင် ၁၀ ဦးစာရင်းမှာ ဆိုဘိုစလိုင်အပြင် နွေခေါ်ယူမှု အသစ်ဖြစ်တဲ့ မက်ကယ်လစ္စတာလည်း ပါဝင်လာခဲ့ပါတယ်။ ဒီစာရင်းထဲကို မနှစ်က မပါထားတဲ့ အယ်လီဆန်နဲ့ ဂက်ပိုလည်း ပါဝင်လာနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းမှာ ကျောနံပါတ် ၈ ရဲ့ ဩဇာဟာ အတော်လေး ကြီးမားလွန်းပြီး ဘောလုံးရာသီ အတော်များများရဲ့ ရောင်းအကောင်းဆုံး ဂျာစီနံပါတ် ဖြစ်ခဲ့တာပါ။ ဒါပေမယ့်လို့ ဂျရတ် မရှိတော့တဲ့နောက်ပိုင်း ကျောနံပါတ် ၈ ဟာ တိမ်မြုပ်နေခဲ့တာ ဖြစ်ပါတယ်။

ကိတ်တာ လက်ထက်မှာ ရေပန်းစားမှု လျော့ကျသွားတဲ့ လီဗာပူး ကျောနံပါတ် ၈ ဟာ ဒီရာသီ ဆိုဘိုစလိုင်နဲ့အတူ တစ်ကျော့ပြန် လူကြိုက်များလာခဲ့တယ်။ ဆိုဘိုစလိုင်ရဲ့ ကျောနံပါတ် ၈ ကို တောင်းဆိုမှုများတဲ့ ဒေသတွေထဲ အရှေ့တောင်အာရှလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာ ဂျာစီတွေ လူကြိုက်များမှုနဲ့အတူ ဒါဝင် နူးညက်စ်၊ ဒီယက်စ်နဲ့ ဗန်ဒိုက်တို့ရဲ့ ဂျာစီတွေက မနှစ်ကထက် ရေပန်းစားမှု လျော့ကျခဲ့ပါတယ်။ သီယေဂိုနဲ့ ဟာဗေးတို့ရဲ့ နံပါတ်တွေကတော့ လူကြိုက်အများဆုံး နံပါတ် ၁၀ ခုထဲ ပါမလာတော့ပါဘူး။

Liverpool’s top 10 most popular shirts

  • 1. Dominik Szoboszlai – 8
  • 2. Mohamed Salah – 11
  • 3. Alexis Mac Allister – 10
  • 4. Trent Alexander-Arnold – 66
  • 5. Darwin Nunez – 9
  • 6. Luis Diaz – 7
  • 7. Alisson – 1
  • 8. Virgil van Dijk – 4
  • 9. Cody Gakpo – 18
  • 10. Andy Robertson – 26