

အိုလီဂန်နာဆိုးရှားက သူ့ရဲ့ ယူနိုက်တက် နည်းပြဘဝမှာ လီဗာပူး ကစားသမားက ဒုက္ခအပေးဆုံးပါပဲလို့ The Athletic နဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။
၁၉၉၉ ခုနှစ် မန်ယူနိုက်တက်တို့ ဖလား ၃ လုံးအောင်မြင်တဲ့ ဘောလုံးရာသီမှာ အဓိကကျခဲ့တဲ့ ဆိုးရှားဟာ မော်ရင်ညို နေရာ ယာယီနည်းပြအဖြစ် ဆက်ခံခဲ့ပြီး နောက်ပိုင်းမှာ အမြဲတမ်း နည်းပြဖြစ်လာခဲ့သူပါ။ သူ့လက်ထက်မှာ လီဗာပူးကို ဂိုးပြတ်တွေ မကြာခဏ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဆိုးရှားက ပြောရာမှာ ‘ ကျနော်ရဲ့ နောက်ဆုံး ဘောလုံးရာသီတုန်းက လီဗာပူးကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားချိန် စီးတီးထံသွားပြီး အနိုင်ယူခဲ့တုန်းကလိုပဲ ကစားသမားတွေ ဒီပွဲအတွက် အသင့်ရှိနေမယ်လို့ ကျနော် ခံစားမိခဲ့တယ်။ ခံစစ်ကို အထိုင်ချပြီး ကောင်တာ ကစားခဲ့ရာမှာကို ဖွင့်ကစားခဲ့မိတယ်။
ကျနော်တို့ ၅-၀ ရလဒ်နဲ့ ရှုံးသွားပါတယ်။ အခြေအနေက ၅၀-၅၀ ပါ။ ပထမပိုင်းမှာ ၄-၀ နဲ့ အရေးနိမ့်နေတာတောင် ဘောလုံးပိုင်ဆိုင်မှုကော အခွင့်အရေးပိုင်းမှာပါ သိပ်မကွာပါဘူး။ ကျနော်ရဲ့ ယူနိုက်တက် နည်းပြဘဝ အနိမ့်ကျဆုံး အချိန်ဖြစ်ခဲ့တယ်။
မန်နေဂျာဘဝမှာ ရော်ဘတ်တို ဖာမင်နိုက ကျနော်ကို ဒုက္ခအပေးဆုံး ပြိုင်ဘက် ကစားသမားပါပဲ။ အိမ်ကွင်းမှာ စပါးကို ၆-၁ နဲ့ အရေးနိမ့်ခဲ့သေးပေမယ့် အဲ့တာက တစ်ယောက်ထုတ်ခံရလို့ပါ ‘ လို့ ဆိုခဲ့ပါတယ်။
ဖာမင်နိုဟာ ၂၀၂၁ မေလအတွင်း အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၄-၂ ဖြင့် အနိုင်ရစဉ် သွင်းဂိုး ၂ ဂိုး ရယူခဲ့ဖူးပါတယ်။ ဆိုးရှားပြောတဲ့ ၅-၀ ပွဲမှာ ဖာမင်နိုက ပွဲထွက်ကစားသမား အဖြစ် ခြေစွမ်းပြခဲ့ပေမယ့် ဂိုးတော့ သွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။
ယာဂင်ကလော့ပ်က ပြိုင်ဘက်ကို အရှက်ခွဲလိုခြင်း မရှိတာမို့ ပွဲထိန်းခဲ့တယ်လို့ ထိုစဉ်က ထုတ်ပြောခဲ့ပြီး ဆိုးရှားနောက် ယူနိုက်တက် နည်းပြနေရာ ဆက်ခံသူဖြစ်လာတဲ့ တန်ဟက်ကိုတော့ အန်ဖီးကွင်းမှာ ၇-၀ ဖြင့် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။