ဒါဝင်၊ ဂက်ပို၊ ဆာလာ တိုက်စစ်အတွဲ ပွဲထုတ်လာမယ့် စပါးပွဲအတွက် ပွဲထွက်လူစာရင်း ခန့်မှန်းခြင်း

ဒီကနေ့ည ၁၀ နာရီ အန်ဖီးကွင်းမှာတော့ လီဗာပူးအသင်းက ဥရောပဝင်ခွင့် တစ်နေရာအတွက် အဓိက ပြိုင်ဘက် တစ်သင်းဖြစ်တဲ့ စပါးအသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရပါမယ်။

Team news

စပါးပွဲမှာ ကိုနတေး ပြန်ပါလာနိုင်မယ်။
ဂျိုတာ နောက်ကျော ထိခိုက်မှု ရှိထားပြီး စိုးရိမ်စရာ မရှိ။
ကိတ်တာနဲ့ ချိန်ဘာလိန် မပါနိုင်သေး။

Liverpool’s XI vs. Tottenham

လီဗာပူးအသင်းမှာ ကစားသမားတွေ ကြံ့ခိုင်မှု ပြန်ကောင်းလာတာကြောင့် ပွဲထွက်လူစာရင်း ရွေးချယ်ဖို့ရာ တောင့်တင်းမှု ရှိလာပါတယ်။ ဒါပေမယ့် ကလော့ပ်က ပွဲထွက်လူစာရင်းကို မပြောင်းလဲဘဲ သီယေဂို၊ ဒါဝင်တို့ကို လူစားဝင် ကစားသမား အဖြစ်ပဲ ဆက်တိုက် အသုံးပြုထားခဲ့ပြီး အခုလို ပွဲကြပ်ကာလမှာတော့ သေချာပေါက် အပြောင်းအလဲတွေ ရှိလာမှာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ နည်းပြကလော့ပ်ဟာ ဂိုးသမားနေရာ အယ်လီဆန်၊ ညာအစွန်နေရာ ထရန့်၊ ဘယ်အစွန် ရော်ဘတ်ဆန်တို့ကို အသုံးပြုမှာပါ။ ဗဟိုခံစစ်မှူးနေရာ ဗန်ဒိုက်နဲ့ တွဲဘက်ဖို့ကို မာတစ်ကိုပဲ ဆက်သုံးပြီး ကိုနတေးကို အနားပေးဦးမယ် ယူဆရပါတယ်။

ကွင်းလယ်မှာတော့ အပြောင်းအလဲ ရှိလာနိုင်ပြီး သီယေဂိုကို ပွဲထွက်လူစာရင်းထဲ ပြန်ထည့်ဖွယ် ရှိပါတယ်။ စပါးအသင်းရဲ့ အစွန်တွေနဲ့ ကွင်းလယ်ဟာ ဒဏ်ရာတွေကြောင့် အနည်းငယ် အားပျော့နေပြီး လီဗာပူးက ဘောလုံးကစားခွင့် ပိုရနိုင်တာမို့ ဖာဘင်ညို၊ ဂျုံးနဲ့ သီယေဂို အတွဲကို ရွေးချယ်မယ်လို့ ယူဆရတယ်။

ဂျုံးနဲ့ သီယေဂိုတို့ဟာ ဘယ်ခြမ်းကို အားသန်ကြသူတွေဖြစ်ပြီး ဟာဗေးနဲ့ ဟန်ဒါဆန်တို့က ညာခြမ်း ကွင်းလယ်လူတွေ ဖြစ်ကြပါတယ်။ ထရန့်ကို ကွင်းလယ် အတွင်းလူနေရာ ဝင်ကစားစေကတည်းက ခံစစ်ကူနိုင်မှု နည်းပါးတဲ့ ဟာဗေးနဲ့ ကွင်းလယ် အတွင်းလူနေရာ ကစားရတာကို အားသန်တဲ့ သီယေဂိုတို့ ပွဲထွက်ခွင့် လုံးဝ ပျောက်ဆုံးနေတာကို သတိပြုရပါမယ်။

တိုက်စစ်မှာတော့ ဂျိုတာကို ကြံ့ခိုင်မှုကြောင့် အနားပေးပြီး ဒါဝင်ကို ထည့်သွင်းဖွယ် ရှိပါတယ်။ အထောင်နေရာကနေ ဂက်ပို ဆက်လက် နေရာရပြီး ညာတောင်ပံကတော့ ဆာလာ ဖြစ်လာနိုင်ပါတယ်။ ဒီယက်စ်ကိုတော့ အလျင်စလို မသုံးသေးဘဲ လူစားဝင် ကစားသမားအဖြစ်ပဲ ထုတ်သုံးဦးမယ် မျှော်လင့်ရပါတယ်။