နည်းပြကလော့ပ်က တိုက်စစ်မှူး ဒါဝင်ကို ပုံမှန် ပွဲထွက်ခွင့် မပေးသေးပေမယ့် တိုက်စစ်သမားတွေဟာ ဂိုးသွင်းနိုင်ရေး အခွင့်အရေး မရမှ စိတ်ပူရမှာဖြစ်ပြီး ဒါဝင် အခွင့်အရေးတွေ ရနေသေးတာမို့ စိတ်မပူပါဘူးလို့ ဆိုပါတယ်။
လီဗာပူးအသင်းဟာ ဒီရာသီ ပထမပိုင်းမှာ ၅ ဂိုး ပေးရပြီး ၅ ဂိုးသွင်းထားပါတယ်။ ဒုတိယပိုင်းမှာတော့ ၁၀ ဂိုးသွင်းထားပြီး ပေးဂိုး မရှိသေးပါဘူး။
အသင်းဖော်သစ် ရိုင်ယန် ဂရာဗင်ဘက်ချ်ဟာ ပေါက်ကွဲကစားနိုင်တဲ့ မယုံနိုင်စရာ ကစားသမားမျိုးလို့ ဟာဗေးက ထုတ်ဖော်သွားပါတယ်။
လီဗာပူးက တာထွက်ကောင်းနေပြီး ကစားသမားသစ်တွေကို နေရာချလာနိုင်စွမ်း ရှိနေတယ်လို့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က မှတ်ချက်ပေးသလို ဒီရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ခန့်မှန်းသွားပါတယ်။
ဘယ်လင်ဟမ်ဟာ အသက် ၂၀ ပဲ ရှိသေးသူဖြစ်ပြီး အနာဂတ်မှာ အင်္ဂလန်လိဂ်ထံ ပြောင်းလာနိုင်သလို အဲ့အခါကျရင် လီဗာပူးအတွက် ကစားပေးချင်ဦးမှာပါလို့ ကာရေဂါက မျှော်လင့်နေပါတယ်။
ယူရိုပါလိဂ်မှာ တိုက်စစ်သမား ဗန်ဒုတ်က တောက်ပနေခဲ့ပေမယ့်လို့ လီဗာပူး ကြယ်ပွင့်ဟောင်း ကိတ်ဂေါ်ဒန်ဟာ လူငယ်အသင်းမှာပဲ ဒဏ်ရာ ပြန်ရသွားကြောင်း သတင်းထွက်နေပါတယ်။
ဂျာမနီအသင်းဟာ Hansi Flick ကို ထုတ်ပယ်ပြီးနောက် နည်းပြကလော့ပ်ကို လက်ရွေးစင်အသင်း အတွက် အဓိက တာဝန်ပေးလိုတဲ့ နည်းပြအဖြစ် ချဉ်းကပ်ခဲ့ပါတယ်။ နည်းပြကလော့ပ်က လီဗာပူးကနေ မထွက်လိုတာကြောင့် သူရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ လက်ရွေးစင် နည်းပြရာထူးကို စွန့်လွှတ်ခဲ့ပါတယ်။
ဂျာမနီအသင်းဟာ ကလော့ပ်အပေါ် မျှော်လင့်နေဆဲဖြစ်ပြီး နည်းပြသစ် နေဂယ်စမန်းကို ကာလရှည် စာချုပ်မျိုး မပေးခဲ့ပါဘူး။
Shared a taxi to LASK stadium with these 2 from Hungary. They said they were friends of Dominik Szoboszlai, I laughed, then this happened…#LASKLIV #LFCFamily #YNWA pic.twitter.com/XNo1rA22p5
— LFC Elvis (@MightyQuinn801) September 22, 2023
လက်စ်ပွဲအပြန်မှာ လီဗာပူးပရိသတ် တစ်ဦးက ဟန်ဂေရီသား နှစ်ဦးနဲ့အတူ တက်ဆီ ရှယ်ပြီး စီးခဲ့ပါတယ်။ ဟန်ဂေရီသားတွေက ဆိုဘိုဟာ သူတို့ သူငယ်ချင်းလို့ ပြောစဉ် လီဗာပူးပရိသတ်က ရယ်မောခဲ့ပါသေးတယ်။
ခဏအကြာ ဟန်ဂေရီသား နှစ်ဦးက ဆိုဘိုစလိုင်နဲ့ ဗီဒီယိုကော ပြောနေချိန်မှာတော့ သူ အံ့ဩစွာ မင်သက်သွားသလို ဆိုဘိုကို အန်လိုင်းကနေ နှုတ်ဆက်ခွင့် ရခဲ့ပါတယ်။