Liverpool vs West Ham ပွဲစဉ်အတွက် ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်း

မနက်ဖြန် ည ၇ နာရီခွဲအတွင်း အန်ဖီးကွင်းမှာ လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းကို ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဧည့်ခံ ယှဉ်ပြိုင်ရမှာပါ။

ဒီရာသီ ခြေစွမ်းကောင်းနေကြသလို အမှတ်ပေးဇယား အထက်ပိုင်းမှာ ရှိနေကြတဲ့ ကလပ် ၂ သင်း ထိပ်တိုက်တွေ့မယ့် ဒီပွဲစဉ်အတွက် ဘီဘီစီမှ ခရစ်ဆက်တန်က အခုလို ခန့်မှန်းသွားပါတယ်။

Liverpool vs West Ham

ဒေးဗစ် မိုယက်စ် အသင်းရဲ့ စည်းကမ်းပိုင်း ကို ကျွန်တော် သဘောကျတယ်။ သူ မန်နေဂျာ တစ်ယောက် အနေနဲ့ တွေးခေါ်ပုံတွေကိုရောပဲ။ သူက သူ့အသင်းရဲ့ အားသာချက်က ဘာလဲ ဆိုတာ သိပြီး အဲဒါကို အားပြု ကစားတာပါ။

အန်းဖီးမှာ ဟန်းမားစ်တွေက ဖြိုခွဲရ ခက်ပါလိမ့်မယ်။ ဘောလုံးရတာနဲ့ ကောင်တာလည်း တိုက်စစ်ဆင်လိမ့်မယ်။

လီဗာပူးရဲ့ တိုက်စစ်သမားတွေကပဲ ဒီပွဲကို အဆုံးအဖြတ် ဖြစ်သွားစေမှာပါ။ သူတို့မှာ အန္တရာယ်ကြီးတဲ့ တိုက်စစ်သမားတွေ အများကြီး ရှိနေပြီး အလှည့်ကျ ပွဲထုတ်နိုင်နေတယ်။ မတူညီတဲ့ ပြသနာတွေ ပေးနိုင်နေတယ်။

ဝုဗ်နဲ့ ပွဲမှာလည်း နောက်က ပြန်လိုက် ကစားပြီး လီဗာပူးတို့ နိုင်ပွဲ ရအောင် ယူသွားတဲ့ တုန့်ပြန်ချက်ကို ကျွန်တော် သဘောကျတယ်။ ဒီပွဲမှာလည်း ဝက်စ်ဟမ်း ခံစစ်ကို ထိုးဖောက်ဖို့ သူတို့ လမ်းတွေ့မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-ဝ ဝက်စ်ဟမ်း။