ကစားသမား တစ်ဦးကြောင့် ဒီအပတ်တော့ လီဗာပူးပဲ ဆိုပြီး ရွေးချယ်သွားတဲ့ ဝါရင့် နည်းပြဟောင်း

ဒီအပတ်မှာ လီဗာပူး vs ဝက်စ်ဟမ်းပွဲက ပွဲကောင်းဖြစ်လာမယ်လို့ ဝါရင့် နည်းပြဟောင်း ဟယ်ရီရက်နက်က သုံးသပ်လိုက်ပါတယ်။

နှစ်သင်းလုံးဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရနေပြီး ကြားရက်တုန်းက ယူရိုပါလိဂ် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားထားကြတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အသင်း ခြေတက်နေသလို လီဗာပူးအသင်းကလည်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ စတင် ရရှိလာနေတာပါ။

နည်းပြဟောင်း ဟယ်ရီရက်နက်က ” နှစ်သင်းလုံးအတွက် ပင်ပန်းတဲ့ သီတင်းပတ် ဖြစ်နေပြီး ကြားရက်တုန်းက ဥရောပပွဲတွေ ကစားထားရပါတယ်။ ကျနော်အတွက် လီဗာပူးအသင်းရဲ့ မိုဆာလာက အဓိက ကစားသမားပါပဲ။

သူက ဂိုးသွင်းနိုင်တယ်၊ အရမ်း မချီးကျူးကြပေမယ့်လို့ သူ့ရဲ့ ဘောလုံးပေးနိုင်စွမ်း ရှိတဲ့ အမြင်တွေကလည်း အံ့မခန်းပါပဲ။ အပြောင်းအလဲ အနည်းငယ် လုပ်နေတဲ့ လီဗာပူးအသင်းမှာ သူ့ရဲ့ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုက တကယ့်ကို တန်ဖိုးကြီးပါတယ်။

လီဗာပူးနိုင်မယ် ထင်သလို ဂိုးတွေများမှာပါ။ အနည်းဆုံး ဝက်စ်ဟမ်းကလည်း ဂိုး တစ်ဂိုးလောက် ပြန်သွင်းမှာပါ။ ကျနော်ကတော့ မိုဆာလာထံက ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဆိုတဲ့ စွမ်းဆောင်ရည်မျိုး မြင်ရပြီး လီဗာပူး စွမ်းဆောင်ရည် ကောင်းမယ် ထင်ပါတယ် ” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

မိုဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာကော ယူရိုပါလိဂ်မှာပါ ခြေစွမ်း တောက်ပနေသူ ဖြစ်ကာ ပြိုင်ပွဲစုံ ၆ ပွဲမှာ သွင်းဂိုး ၇ ဂိုးအတွက် ပါဝင် ပတ်သက်ထားသူ ဖြစ်ပါတယ်။ သူဟာ ၁၂ ပွဲဆက်တိုက် လီဗာပူးအတွက် သွင်းဂိုး ဒါမှမဟုတ် ဂိုးထောက်ပံ့မှုလည်း လုပ်ထားပေးနိုင်သူ ဖြစ်ပါတယ်။