မာကာ၊ ဆိုဘို အတွဲနဲ့ ခံစစ်မှာ ဗန်ဒိုက်၊ အီဘူး ပြန်ပါလာမယ့် ဝက်စ်ဟမ်းပွဲ ဖြစ်လာဖွယ် ပွဲထွက်လူစာရင်း

မနက်ဖြန်ညမှာတော့ လီဗာပူးအသင်းဟာ လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Team news

  • ဒဏ်ရာ သက်သာစ ထရန့်ဟာ ဒီပွဲမှာ ပွဲထွက်လူစာရင်းကနေ မပါနိုင်လောက်သေးဘူးလို့ ခန့်မှန်းရပါတယ်။
  • သီယေဂိုလည်း ဒီပွဲ ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။
  • ဘာ့ဆဲတစ်၊ အီဘူးတို့ကို ပွဲကစားချိန် အပြည့် မပေးသေးဖို့ ဆေးအဖွဲ့က တောင်းဆိုတာမို့ လူစားလဲခဲ့တာဖြစ်ကာ ဒဏ်ရာ ပြဿနာ မရှိပါဘူး။

Liverpool’s XI vs. West Ham

နည်းပြကလော့ပ်ဟာ ဒီပွဲမှာ တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်မှာဖြစ်ပေမယ့် ဒဏ်ရာ ပြဿနာ ရှိထားတဲ့ ထရန့်ကို တန်းသုံးမလား ကြည့်ရမှာပါ။ ထရန့်ကို အလျင်စလို မသုံးဘဲ အရန်လူစာရင်းမှာပဲ ထည့်ထားမယ်လို့ ခန့်မှန်းရပါတယ်။

ဂိုးသမားနေရာ အယ်လီဆန်၊ ခံစစ်အတွဲအဖြစ် ဗန်ဒိုက်နဲ့ အီဘူးတို့ ပါဝင်လာကာ ဘယ်ခြမ်းမှာ ရော်ဘတ်ဆန်နဲ့ ညာခြမ်းမှာ ဂိုးမက်စ်တို့ ဖြစ်လာဖွယ် ရှိပါတယ်။ ထရန့်ဟာ တံကောက်ကြောကြောင့် နားနေရတာ ၃ ပတ် ရှိထားကာ ကြားရက်တုန်းက တစ်ဦးချင်း ပြေးလွှားမှုကို စလုပ်နေပါပြီ။

ကွင်းလယ်အတွက် လက်စ်ပွဲမှာ ပွဲထုတ်ထားတဲ့ ၃ ဦးလုံးကို အနားပေးပြီး မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ ကာတစ်ဂျုံးတို့ ၃ ဦးကို ပွဲထုတ်လာဖွယ် ရှိပါတယ်။ တိုက်စစ်အတွက်တော့ ဂျိုတာ၊ ဂက်ပို၊ ဆာလာတို့ ဖြစ်လာပါမယ်။

ဝက်စ်ဟမ်းပွဲပြီးရင် ကြားရက်မှာ လက်စတာနဲ့ ကာရာဘောင်းပွဲရှိပါမယ်၊ နောက်အပတ်မှာ စပါးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ရှိတာမို့ အလှည့်ကျ လူထုတ်မှု ရှိလာမှာ ဖြစ်ပါတယ်။