

ပရိသတ်ကြိုက် တိုက်စစ်တွဲလုံး
ဂက်ပိုထံက အတောက်ပဆုံး ခြေစွမ်းတွေ မမြင်ရသေးချိန်၊ မနှစ်က ဒဏ်ရာ ၂ ကြိမ်ရအပြီး ဂျိုတာကလည်း ခြေစွမ်း တည်ငြိမ်ဖို့ လိုအပ်နေတာမို့ များစွာသော လီဗာပူးပရိသတ်တွေဟာ တိုက်စစ်မှာ ဒီယက်ဇ်၊ ဒါဝင်၊ ဆာလာ အတွဲကို မြင်လိုနေကြပါတယ်။ ဒီတလောမှာ ဒါက တကယ်ဖြစ်လာနေပါတယ်။
လီဗာပူးတိုက်စစ်မှာ ဒါဝင် ပုံမှန် ပွဲထွက်ခွင့် ရလာနေပြီး ပွဲအပေါ် သက်ရောက်တဲ့ စွမ်းဆောင်မှုတွေ ပြသနေပါတယ်။ ဒါဝင်ဟာ တိုက်စစ်ကနေ ခုခံမှု လုပ်ပေးရာမှာ ပိုမို တိကျမှု ရှိလာနေပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက် အမှားတွေ ဆက်မြင်နေရပေမယ့် နောက်ဆုံး ၅ ပွဲမှာ ကိုယ်တိုင် ၄ ဂိုးသွင်း၊ ၂ ကြိမ် ဂိုးထောက်ပံ့ပေးတာက မဆိုးလှပါဘူး။
Darwin Núñez has four goals and two assists in his last five games.
He’s finding his form 🇺🇾 pic.twitter.com/7ZjQJhj2oe
— B/R Football (@brfootball) September 24, 2023
ဒါဝင်ဟာ ဒီယက်ဇ်နဲ့ တွဲလုံးတွေ ပိုလုပ်ပေမယ့် ဆာလာရဲ့ ဖန်တီးနိုင်စွမ်းတွေကြောင့် သူ့ထံက ဂိုးတွေ ပိုမြင်ရဖို့ ပရိသတ်တွေ မျှော်လင့်နေတာပါ။
Clean sheet
ဒီရာသီမှာ ဗန်ဒိုက်ရဲ့ ဘောလုံးလမ်းကြောင်း ဖြတ်တောက်မှုတွေ အတော်လေး ကောင်းလာပါတယ်။ ဒဏ်ရာကြောင့် သူ အနည်းငယ် နှေးသွားပေမယ့် မနှစ်ကထက် စာရင် ဒီရာသီမှာ ပိုကောင်းလာခဲ့တာပါ။ အနီကဒ်ကြောင့် ပွဲမကစားရတာက သူ့အပေါ် သက်ရောက်ခဲ့ဟန်ရှိပြီး ဘိုဝင်ရဲ့ သွင်းဂိုး မတိုင်ခင် ဘောလုံး ရှင်းဖို့ရာ နောက်ကျနေခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေက နိုင်ပွဲနည်းတူ Clean sheet တွေ မြင်လိုနေပါပြီ။ ခံစစ်က အမြဲတမ်း ဂိုးပေးရခြင်းဟာ ယုံကြည်စိတ်ချရမှုကို နည်းပါးစေပါတယ်။ အယ်လီဆန်က မယုံနိုင်စရာ ကာကွယ်မှု အချို့ လုပ်ပေးခဲ့ပြီး Tomas Soucek ရဲ့ ခေါင်းတိုက်ချက်ဟာဆိုရင် အယ်လီဆန် ကောင်းလွန်းလို့ ဂိုးမပေးခဲ့ရတာပါ။
ဝက်စ်ဟမ်းပွဲမှာ မာတစ်နဲ့ ဂိုးမက်စ်တို့ရဲ့ ခြေစွမ်း မဆိုးလှပေမယ့် ရံဖန်ရံခါ ပေါက်ထွက်လာတဲ့ ဘောလုံးတွေက အန္တရာယ်များပါတယ်။ ခံစစ်က ပိုကောင်းလာဖို့တော့ လိုအပ်ပါတယ်။
တည်ငြိမ်လာတဲ့ ကွင်းလယ်
A dominant display in the heart of @LFC‘s midfield! ❤️
👏 @alemacallister 👏#LIVWHU | @Oracle pic.twitter.com/9oB85NNtQU
— Premier League (@premierleague) September 24, 2023
မာကာဟာ နံပါတ် ၆ ရိုးမှာ အသားကျလာပြီး ကောင်းမွန်တဲ့ ဝင်လုမှုတွေ၊ စိန်ခေါ်မှုတွေ လုပ်ပြီး ဝက်စ်ဟမ်းရဲ့ ကောင်တာကို ရပ်တန့်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူ့ကို နံပါတ် ၁၀ ရိုးမှာ ဖန်တီးမှုတွေ လုပ်နေတာကို မြင်လိုပေမယ့် လက်တလောမှာတော့ ခံစစ်ကြောင်း ရှေ့မှာပဲ မာကာ ကစားရဦးမှာပါ။
ဆိုဘိုစလိုင်နဲ့ မာကာတို့ဟာ အသင်းကွင်းလယ်ရဲ့ ပင်မ ထောက်တိုင်တွေ ဖြစ်လာသလို ရာသီစ ပွဲတွေထက် ပိုပြီး တည်ငြိမ်လာပါတယ်။ လက်ကျန် ၁ နေရာအတွက် ဂရာဗင်ဘက်ချ်၊ ဂျုံး၊ ဟာဗေး၊ ၊ အန်ဒို၊ ဘာ့ဆဲတစ်တို့ အပြိုင် လုနေကြပြီး သီယေဂိုဆိုရင် ဒီရာသီ လုံးဝ ပွဲမကစားနိုင်သေးပါဘူး။
အရန်အင်အား
အသင်းရဲ့ အရန်အင်အားဟာ မနှစ်ကထက် အများကြီး တောင့်တင်းလာပါတယ်။ ဂိုးမက်စ်နဲ့ မာတစ်ကို ထုတ်သုံးလို ရနေချိန်မှာ ထရန့်ဟာ ဒဏ်ရာကြောင့် ပွဲနေ့ လူစာရင်းမှာတောင် မရှိသေးပါဘူး။ ကွင်းလယ်မှာ အလှည့်အပြောင်း လုပ်စရာတွေ အများကြီး ရှိနေပြီး တိုက်စစ်ကလည်း အရန်တိုက်စစ်သမား ၂ ဦးလောက် အဆင်သင့် ရှိနေပါတယ်။
လာမယ့် ပွဲစဉ် ၅ ပွဲ
လီဗာပူးအသင်းရဲ့ လာမယ့် ပွဲစဉ် ၅ ပွဲကတော့ လက်စတာ (ကာရာဘောင်း)၊ စပါး (ပရီးမီးယားလိဂ်)၊ ယူနီယံ စိန့် (ယူရိုပါလိဂ်)၊ ဘရိုက်တန် (ပရီးမီးယားလိဂ်)၊ အဲဗာတန် (ပရီးမီးယားလိဂ်) ပွဲစဉ်တွေ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာ အဲဗာတန်ပွဲကလွဲရင် ကျန်ပွဲတွေက အဝေးကွင်းပွဲတွေ ဖြစ်ပါတယ်။ အသင်းက ဒီကြားရက်မှာ ကာရာဘောင်းပွဲ ရှိနေပေမယ့် စပါးကတော့ ပြိုင်ပွဲကနေ ထွက်ထားရပြီမို့ အနားရနေပါလိမ့်မယ်။ စပါး၊ ဘရိုက်တန်တို့ကို ဆက်တိုက် ရင်ဆိုင်ရခြင်းက အသင်းအတွက် စိန်ခေါ်မှု၊ စမ်းသပ်ခံရမှု ဖြစ်လာပါလိမ့်မယ်။