ဆုဖလား ရည်မှန်းချက်အကြောင်း ပြောလာတဲ့ ကလပ် စီအီးအို၊ ကမ္ဘာ့အကောင်းဆုံး အဖြစ် ပြိုင်ဘက်အသင်း ချီးကျူးမှုနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဒီကနေ့ည ၁ နာရီ ၁၅ မှာ လီဗာပူးအသင်းဟာ လက်စတာကို ကာရာဘောင်းပွဲအဖြစ် အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရပါမယ်။

ကာရာဘောင်းပွဲမှာ ကလယ်ဟာနဲ့ ကိုစတက်တို့ဟာ ပွဲထွက်ခွင့်တွေ ရဖွယ်ရှိပါတယ်။ သူတို့ နှစ်ဦးဟာ ယူရိုပါလိဂ်မှာ ပွဲကစားခွင့်ရခဲ့ကာ ဖလားပွဲမှာလည်း ဆက်လက် နေရာရဖို့ ရှိနေတာပါ။

ထရန့် ဒဏ်ရာက သက်သာလာပေမယ့်လို့ စီနီယာအသင်း လေ့ကျင့်ရေး အပြည့်ကို ပြန်ဆင်းနိုင်တာ မဟုတ်ပါဘူး။ နည်းပြအဖွဲ့ကတော့ သူ့ကို ပွဲထုတ်ခွင့် ပြန်ပေးဖို့ စိတ်ရှည်သွားမှာပါ။ သီယေဂိုလည်း အခြေအနေ တိုးတက်လာနေပါတယ်။

လီဗာပူး သုံးသပ်သူတွေကတော့ ယာဂင်ကလော့ပ်ဟာ ယိုင်ထွက်သွားတဲ့ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်စွမ်းရှိပြီး၊ အပြောင်းအလဲ ကာလ အသင်း ရုန်းကန်ရချိန် ဝေဖန်မှုတိုင်းကို ကြံ့ကြံ့ခံနိုင်သူအဖြစ် ထောက်ခံနေကြပါတယ်။

လက်စတာနည်းပြကတော့ တိုက်စစ်၊ ခံစစ် အကူးအပြောင်းနဲ့ ဘောလုံးမရှိချိန်မှာ လီဗာပူးရဲ့ ချဉ်းကပ်မှုတွေဟာ ကမ္ဘာ့အကောင်းဆုံးပါလို့ ထုတ်ဖော် ချီးကျူးပါတယ်။

လီဗာပူးနဲ့ ဝက်စ်ဟမ်းပွဲမှာ မက်ကယ်လစ္စတာဟာ six role ကနေ ပွဲထွက်ပေမယ့် သူ့ဟာ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ပိုမို ကစားခွင့်ရခဲ့ကြောင်း အချက်အလက်တွေက ညွှန်ပြပါတယ်။

ဘာ့ဆဲတစ်ဟာ ညာခြမ်းနေရာ ယာယီ ပွဲထွက်ခဲ့ခြင်းဖြစ်ပြီး လီဗာပူးနည်းပြအဖွဲ့က သူ့ကို ကွင်းလယ်မှာပဲ ရေရှည် အသုံးပြုမှာ ဖြစ်ပါတယ်။

ကလပ်ရဲ့ စီအီးအို ဘီလီဟိုဂန်ကတော့ လီဗာပူးနဲ့ ပတ်သက်လို့ ရည်မှန်းချက် ၃ ခုမှာ ပထမဆုံး အချက်က ဆုဖလားတွေ အနိုင်ရရေး ဖြစ်ပါတယ်လို့ ထုတ်ပြောသွားပါတယ်။

ဒီအပတ် လီဗာပူးကို ရင်ဆိုင်ရမယ့်ပွဲမှာ စီနီယာ ၄ ဦး လွဲချော်မှာဖြစ်တဲ့ စပါးအသင်းဟာ မတ်ဒီဆန်ကိုတော့ ပွဲထွက်ခွင့်ပေးနိုင်ဆဲလို့ သိရပါတယ်။