အီဘူး၊ ကွမ်းဆက် ခံစစ်အတွဲနဲ့အတူ ဂရာဗင်ဘက်ချ်၊ ဗန်ဒုတ်တို့ ပွဲထွက်ဖွယ်ရှိတဲ့ လက်စတာပွဲ လူစာရင်းအား ခန့်မှန်းကြည့်ခြင်း

ဒီကနေ့ည ၁ နာရီ ၁၅ မှာတော့ လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ် လက်စတာအသင်းကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်ပါမယ်။

ဒီပွဲအပြီး လန်ဒန်သွားကာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။ စပါးအသင်းက ကာရာဘောင်းက ထွက်ခဲ့ရပြီမို့ ကြားရက် အနားရထားပါတယ်။ အသင်းဘက်ကလည်း စီနီယာ အများအပြားကို အနားပေးသွားနိုင်ပါတယ်။

Team news

  • ထရန့် ဒဏ်ရာက ပြန်သက်သာလာပေမယ့် လေ့ကျင့်ရေး အပြည့် မဝင်နိုင်သေးပါဘူး။
  • သီယေဂို ဒဏ်ရာရှိနေဆဲဖြစ်ကာ အသင်းရဲ့ လေ့ကျင့်ရေးမှာ မပါနိုင်သေးပါဘူး။
  • ဘာ့ဆဲတစ်ကို ညာခြမ်းမှာ သုံးနေခြင်းဟာ ရေရှည်ပလန် မဟုတ်ပါဘူး။

Liverpool’s XI vs. Leicester

ဒီနေ့ည လက်စတာကို ရင်ဆိုင်ရမယ့်ပွဲအတွက် ပွဲထွက်လူစာရင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲတုန်းက လူစာရင်းကိုပဲ အခြေခံမှာ ဖြစ်ပါတယ်။ အသင်းမှာ ပွဲကစားခွင့် လိုအပ်နေတဲ့ ကစားသမား အများကြီး ရှိနေဆဲဖြစ်ပါတယ်။ ဒီပွဲမှာ ဘော်ဘီကလက်ကို နေရာပေးဖို့ အသင်းဘက်က စဉ်းစားတာမျိုးလည်း ရှိနိုင်ပါတယ်။

ဂိုးသမားနေရာ ကလယ်ဟာကို ဆက်လက် ပွဲထုတ်ပြီး ဗဟိုခံစစ်အတွဲအဖြစ် ကြံ့ခိုင်မှု ကောင်းလာနေတဲ့ အီဘူးကို ကွမ်းဆက်ဖြင့် တွဲပေးဖွယ် ရှိပါတယ်။ ဘယ်ခြမ်းအစွန်မှာ ကိုစတက်နဲ့ ညာခြမ်းအစွန်မှာ ဘာ့ဆဲတစ်တို့ ဖြစ်မှာပါ။

ကွင်းလယ်မှာ အန်ဒို၊ ဂရာဗင်ဘက်ချ်နဲ့ ဟာဗေး အတွဲကို မြင်ရပါမယ်။ လက်ရှိ လီဗာပူးအသင်းမှာ အန်ဒိုဟာ တစ်ဦးတည်းသော ကွင်းလယ် ခံစစ်သမား စစ်စစ်ဖြစ်ပြီး သူ့ကို ရေရှည်အတွက် ကလပ်ဘက်က ရည်ရွယ်ထားတာပါ။

တိုက်စစ်ကတော့ ဒီတလော ပွဲထုတ်မှာ မပါထားတဲ့ ဂျိုတာ၊ ဂက်ပိုနဲ့ ဗန်ဒုတ်တို့ ဖြစ်လာဖို့ ရှိပါတယ်။