စနေနေ့ စပါးပွဲအတွက် စတင် ခေါင်းကိုက်နေရပြီဖြစ်တဲ့ ယာဂင်ကလော့ပ်

လက်စတာကို ဖြုတ်ချနိုင်ခဲ့တဲ့ ကာရာဘောင်းပွဲမှာ နည်းပြကလော့ပ်ဟာ ဝါတာရု အန်ဒို၊ ဂရာဗင်ဘက်ချ်နဲ့ ဟာဗေး အတွဲကို ထုတ်သုံးခဲ့ပြီး ကောင်းမွန်တဲ့ ကွင်းလယ်တန်းကို ထပ်မံ ရှာတွေ့ခဲ့ပါတယ်။

ဝါတာရု အန်ဒိုဟာ လီဗာပူး ဂျာစီ ဝတ်ဆင်ပြီး အကောင်းဆုံး ခြေစွမ်းကို ပြသခဲ့ခြင်းဖြစ်ကာ ဒုတိယပိုင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။ တစ်ပွဲလုံးအားဖြင့် ဘောလုံးပေးမှု ၉၀% အောင်မြင်ခဲ့သလို ဘောလုံးပိုင်ဆိုင်ဖို့ရာ ၁၃ ကြိမ်ထိ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

လက်ရှိ အသင်းမှာ တစ်ဦးတည်းသော Six Role သမား စစ်စစ်ဖြစ်တဲ့ ဝါတာရုဟာ အစောပိုင်းပွဲတွေထက် ပိုပြီး အသားကျလာခဲ့တာပါ။ သူနဲ့အတူ တွဲကစားခဲ့တဲ့ ဂရာဗင်ဘက်ချ်ကလည်း ခြေစွမ်း မဆိုးခဲ့ပါဘူး။

ဂျပန်သားကြီးကတော့ “ အခြားပွဲတွေထက် ကျနော် ပိုကောင်းကောင်း ကစားလာနိုင်ပါတယ်။ ကျနော် ဘယ်လို ကစားသမားလဲဆိုတာ ပြနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းမှာ ကျနော် အသားကျလာဖို့ ကြိုးစားနေပါတယ်။

ကနေ့ပွဲ ဒုတိယပိုင်းမှာ ကစားခဲ့သလို အရင်ပွဲတွေတုန်းတည်းက ကစားပြလိုခဲ့တာပါ ဒါပေမယ့် အထိုင်ကျဖို့ အချိန်လိုတာကို ကျနော် သိပါတယ်။ ဒီပွဲအတိုင်း ဆက်ပြီး ကစားပြနိုင်မယ် ဆိုရင် ပရီးမီးယားလိဂ်မှာ ကျနော် အခွင့်အရေး ရလာဖို့၊ ပွဲတိုင်း ကစားလာရဖို့ မျှော်လင့်ပါတယ် ” လို့ ပွဲအပြီး ပြောဆိုခဲ့တယ်။

နည်းပြကလော့ပ်က ကွင်းလယ်မှာ မာကာနဲ့ ဆိုဘို အတွဲကို ဂျုံးဖြင့် တွဲဘက်ပေးနေခဲ့တယ်။ မာကာဟာ သူ့စိတ်ကြိုက် မဟုတ်ဘဲ အနောက်ကို ဆင်းကစားနေရတာဖြစ်ပြီး ပွဲထွက်လူစာရင်းမှာ ဝါတာရု ပါဝင်လာရင် သူ့ရှေ့မှာ မာကာနဲ့ ဆိုဘို အတွဲကို မြင်ရမှာပါ။

စပါးပွဲမှာ နည်းပြကလော့ပ်ဟာ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ကို ထုတ်သုံးဖို့ ရှိပါတယ်။ လက်ကျန် ၁ နေရာအတွက် ဘယ်သူ့ကို သုံးမလဲအပေါ် မူတည်ပြီး ကွင်းလယ် နေရာချမှုတွေ အပြောင်းအလဲ ရှိလာတော့မှာ ဖြစ်ပါတယ်။