

လီဗာပူးအသင်းရဲ့ ၂၅ ကိုက် ဖရီးကစ်တွေကို တာဝန်ယူဖို့ ထရန့်အပြင် ဆိုဘိုစလိုင် အပေါ် ထောက်ခံပေးကြမှုလည်း အတော်လေး တက်လာပါတယ်။ ဆိုဘိုစလိုင်ဟာ ဖရီးကစ်ကောင်းမွန်ခြင်းနဲ့ နာမည်ကြီးပါတယ်။
ရာသီကုန်ရင် လီဗာပူးအထက်မှာ နေပြမယ်ဆိုပြီး ဂိုးပေါက်တောင် မတည့်တဲ့ အန်တိုနီ နေရာမှာ သူဆိုရင် မျက်နှာတောင် မပြရဲလောက်အောင်ပဲလို့ နယူးကာဆယ် တိုက်စစ်သမား ကော်လမ် ဝဲလ်ဆန်က မှတ်ချက်ပေးပါတယ်။
လီဗာပူးပရိသတ်တွေဟာ ကွင်းလယ်လူ ဒွန်ဆိုဘိုစလိုင်အတွက် သီချင်းတွေကို စပ်နေကြပြီဖြစ်ပါတယ်။ လက်တလောမှာ သီချင်းတွေ အများကြီး ထွက်နေပြီး တစ်ပုဒ်ပုဒ်ကတော့ အန်ဖီးကွင်းက ပရိသတ်တွေရဲ့ ပါးစပ်ဖျားပေါ် ရောက်လာတော့မှာပါ။
လက်စတာပွဲ မစတင်ခင် အသင်းသားတွေ ကွင်းထဲ စုဝေးကြပုံနဲ့ ပွဲအပြီးမှာ ဗန်ဒိုက် ဦးဆောင်တဲ့ စီနီယာတွေ အသင်းသားတွေကို ဂုဏ်ပြုကြမှုတွေအရ လီဗာပူး အဝတ်လဲခန်းဟာ စည်းလုံးမှုတစ်ခုကို စတင်ရရှိနေပြီလို့ မှတ်ချက်ပေးခံနေရပါတယ်။
အက်ဆာ လေ့ကျင့်ရေးမှာ ပရီးမီးယားလိဂ်ဖလားနဲ့ ဟန်ဒါဆန်ရဲ့ ပုံကို ဖြုတ်သိမ်းခဲ့ပြီး အဆိုပါ နေရာမှာ ထရန့် ချန်ပီယံလိဂ် ကိုင်မြောက်နေတဲ့ ပုံကို အစားထိုးထားပါတယ်။ ပုံပါ စာသားကတော့ ” ကျနော်က အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတဲ့ လီဗာပူးမြို့က သာမာန် ကောင်လေး တစ်ယောက်ရယ်ပါ ” ပဲဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီရာသီ ပထမပိုင်း ၄၅ မိနစ်မှာ ၆ ဂိုးပဲ သွင်းနိုင်ပြီး ၇ ဂိုး ပေးထားရပါတယ်။ ဒုတိယပိုင်း သွင်းဂိုးကတော့ ၁၅ ဂိုးဖြစ်ပြီး ပေးဂိုး မရှိပါဘူး။
ဒီရာသီ အင်္ဂလန်ကလပ်တွေထဲမှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးတာ နှစ်သင်းပဲ ရှိပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်ဖြစ်ပါတယ်။
New York အခြေစိုက် အမေရိကန် အားကစား အဖွဲ့ Dynasty Equity ဟာ လီဗာပူးအသင်းထံ ပေါင် သန်း ၁၆၀ တန်ကြေးရှိ ရင်းနှီးမြုပ်နှံမှု ဝင်ခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးဘက်က တရားဝင် သတင်း မထုတ်ပြန်ပေမယ့်လို့ Dynasty Equity ဘက်က ရှယ်ယာ ၃% အတွက် ပေါင် သန်း ၁၀၀ အထက် ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးအသင်းရဲ့ တန်ကြေးဟာ အနိမ့်ဆုံး ပေါင် ၃ ဘီလျံ တန်ကြေးရှိပါတယ်။