

စနေနေ့ ည ၁၁ နာရီမှာတော့ ပရီးမီးယားလိဂ် ပွဲကောင်းအဖြစ် ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေထဲက ၂ သင်းဖြစ်တဲ့ လီဗာပူးနဲ့ စပါးတို့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။
ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ လန်ဒန်ထံ သွားပြီး အဝေးကွင်း သွားကစားရမှာပါ။ ဒီပွဲကြိုမှာ ထရန့် အသင်းလိုက် လေ့ကျင့်ရေးကို အပြည့် ပြန်ပါနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်အတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်ကို ဖော်ပြသွားပါမယ်။
Tottenham v Liverpool
ကျနော်က ပိုစတီကိုဂလူးရဲ့ ပရိသတ်ဆိုတာ သတိထားမိကြမှာပါ။ စပါးကို ရောက်လာပြီးတည်းက သူ အတော်လေး ထူးချွန်စွာ ကိုင်တွယ်ပြနေတယ်။ သူတို့အသင်း ကစားပုံကို ကျနော် သဘောကျမိတယ်။ အာဆင်နယ်ကို ရင်ဆိုင်တုန်းကလိုပဲ ဒီပွဲကိုလည်း သူတို့ ရင်ဆိုင်သွားမှာပါ။
ဒီပွဲမှာ ဘယ်အသင်း အနိုင်ရမယ်ဆိုတာမျိုး ခန့်မှန်းပေးဖို့ ခက်ပေမယ့် လီဗာပူး သာမယ်ဆိုတဲ့ ခံစားချက်မျိုး ရှိပါတယ်။ ဒီပွဲမှာ သေချာတာကတော့ ဂိုးတွေ များပါလိမ့်မယ်။
ဆွန်ဟောင်မင်က လီဗာပူးကို သေချာပေါက် ပြဿနာတွေ ပေးမှာဖြစ်ပြီး လီဗာပူး တိုက်စစ်ကလည်း စပါးဘက်ကို တူညီတဲ့ ပြဿနာတွေ ပြန်ပေးနိုင်ပါတယ်။ ဒါဝင်နူးညက်စ်က အတော်လေး အန္တရာယ်များတဲ့ တိုက်စစ်သမား ဖြစ်ပါတယ်။
ဒီရာသီမှာ လီဗာပူးက နယူးကာဆယ်ကို ၁၀ ယောက်တန်းနဲ့ အနိုင်ယူခဲ့တာကို မြင်ထားရပါတယ်။ သူတို့ရဲ့ တိုက်စစ်သမားတိုင်း ဂိုးသွင်းနိုင်တယ်၊ ကစားပုံ မကောင်းရင်တောင်မှ ဂိုးသွင်းနိုင်တယ်။ ကွင်းလယ်က ဆိုဘိုစလိုင်ကလည်း ဂိုးသွင်းနိုင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ စပါး ၂-၃ လီဗာပူးပဲ ဖြစ်ပါတယ်။