ငါသာ မင်းနေရာဆို ရှက်လွန်းလို့.. ဆိုပြီး လီဗာပူးကို ကျော်တက်မယ် စိန်ခေါ်တဲ့ အန်တိုနီယိုအား ဝဲလ်ဆန် လှောင်ရယ်

နယူးကာဆယ် တိုက်စစ်မှူး ကော်လမ် ဝဲလ်ဆန်က ဒီအပတ် podcast အစီအစဉ်မှာ မျက်နှာ လာပြခြင်း မရှိတဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူး အန်တိုနီယိုကို ဟားတိုက်မှု လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့ ပွဲစဉ်မှာ ဝက်စ်ဟမ်းက လီဗာပူးကို ၃-၁ ဖြင့် အရေးနိမ့်ခဲ့တာပါ။ အဲ့ပွဲ မတိုင်ခင်မှာ အန်တိုနီက ခပ်ကြွားကြွား စကားတွေ ဆိုထားခဲ့တာဖြစ်ကာ BBC ရဲ့ Footballer’s Football Podcast မှာ ပါဝင်ဖို့ မျက်နှာ မပြရဲအောင်ဖြစ်နေဟန် ရှိပါတယ်။

‘ အန်တိုနီယို ဘယ်မှာလဲ? သူ့ စွမ်းဆောင်ရည်အတွက် ရှက်လို့ ထွက်ပြေးသွားပြီလား? ‘ ဆိုပြီး podcast လုပ်ဖို့ မလာခဲ့တဲ့ ဝဲလ်ဆန်နဲ့ ပတ်သက်လို့ ဝဲလ်ဆန်က မေးခဲ့တယ်။

အန်တိုနီယိုက ဒီရာသီမှာ ဝက်စ်ဟမ်းက လီဗာပူးအသင်း အထက်က ရာသီသိမ်းမယ်လို့ ကြွေးကြော်ခဲ့တာပါ။ အဲ့ကြွေးကြော်မှုက သူတို့အသင်း အိမ်ကွင်းမှာတောင် မဟုတ်ပါဘဲ လေထွားခဲ့တာ ဖြစ်ပါတယ်။

‘ သူ အဲ့လို ပြောပြီး လီဗာပူး အနိုင်ယူသွားတာ ခံလိုက်ရတယ်။ လီဗာပူးကို ကျော်တက်မယ်လို့ ပြောပြီး ဂိုးမသွင်းနိုင်၊ ဂိုးထောက်ပံ့မှု မလုပ်နိုင်ဘူး၊ ဂိုးပေါက် လုံးဝ မကန်ထည့်နိုင်ဘူး၊ အမြင့်ဘောလည်း တစ်ကြိမ်မှ မလုနိုင်ခဲ့ဘူးကွာ။

ဒီကြားထဲ ဘောလုံးက ၁၀ ကြိမ်လောက် ပျက်သေးတယ်၊ ၇၅ မိနစ် ကစားပြီး လူစားလဲခံရမှာတော့ သူ့နေရာ ငါဆိုရင် မျက်နှာတောင် ပြရဲတော့မှာ မဟုတ်ဘူး ‘ လို့ ဝဲလ်ဆန်က ပြောဆိုခဲ့တာပါ။

နယူးကာဆယ် တိုက်စစ်မှူးက ပြိုင်ဘက် တိုက်စစ်သမားကို မညှာတာပါဘူး။ ” အန်တိုနီယိုရေ.. ထတော့ဟ။ သူ လီဗာပူးကို နိုင်မယ်လို့ အိပ်မက် ထပ်မက်နေသလား မသိဘူး ‘ လို့လည်း လှောင်ရယ်သွားခဲ့ပါတယ်။

ဝဲလ်ဆန်ရဲ့ လှောင်ရယ်မှုတွေက အန်တိုနီကို လီဗာပူးပရိသတ်တွေ ပြောလိုနေတဲ့ စကားလုံးတွေ ဖြစ်နေခဲ့မယ်လို့ ယူဆမိပါတယ်။