ကြာသပတေးနေ့တုန်းက လီဗာပူးအသင်းထံ အမေရိကန် အခြေစိုက် Dynasty Equity အဖွဲ့က ဒေါ်လာ သန်း ၁၅၀-၂၀၀ ကြား ရင်းနှီးမြုပ်နှံမှု ဝင်ခဲ့ပါတယ်။
ဒီငွေကြေးဟာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်အတွက် တိုက်ရိုက် အကျိုးမဖြစ်ပေမယ့်လို့ facilitie ပိုင်း တိုးချဲ့နေမှုမှာ ကလပ်ပေးရမယ့် အကြွေးတွေအတွက် တိုက်ရိုက် သုံးစွဲနိုင်မှာပါ။ ဒါကြောင့်ပဲ ကလပ်ဟာ နွေမှာတော့ လူသစ်တွေအတွက် လွတ်လပ်စွာ ငွေသုံးခွင့်ရလာနိုင်ပါတယ်။
ကလော့ပ်ကလည်း သူ ငွေသုံးလိုကြောင်း ထုတ်ပြောခဲ့သလို ရင်းနှီးမြုပ်နှံမှုသစ် ရလာခြင်းဟာ သတင်းကောင်းဖြစ်တယ်လို့ စပါးပွဲကြိုမှာ ထုတ်ပြောခဲ့ပါတယ်။
ယာဂင်ကလော့ပ်ကတော့ “ ရင်းနှီးမြုပ်နှံ့မှု စဝင်ထားပါပြီ။ ဘောလုံးမှာ အမြဲတမ်း ငွေသုံးနေဖို့ လိုပါတယ်။ ဒါကို ကျနော်သိပါတယ်။ ကျနော်လည်း အစိတ်အပိုင်း အဖြစ် ပါဝင်နေတာပါပဲ၊ ကျနော် ငွေသုံးချင်ပါတယ်။
ဒါပေမယ့် ဒီအခြေအနေမှာ ကျနော်တို့ ပွဲကြည့်စင်သစ် ဆောက်နေပြီး ကမ္ဘာ့အကောင်းဆုံး အသိုင်းအဝိုင်းကြီး တိုးတက်လာအောင် လုပ်နေပါတယ်။ ကျနော်တို့ Main Stand ကို ပြန်ဆောက်ခဲ့တယ်၊ နောက် လေ့ကျင့်ရေးကွင်း ပြန်ဆောက်တယ်၊ မဲဝုဒ်ကို ပြန်ဝယ်ခဲ့တယ်။ ကလပ် ရှေရှည်သွားနိုင်အောင် အများကြီး လုပ်ခဲ့ပါတယ်။
တစ်ယောက်ယောက်က ကျနော်တို့ကို အကူအညီပေးဖို့ ဝင်ရောက်လာတာက သိပ်ကောင်းပါတယ်။ အခုချိန်မှာ ကျနော်တို့အသင်းက အသုံးစရိတ် ပေါင် သန်း ၂၀၀ လောက် လိုနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှုသစ် ရလာတော့ အခြေအနေ ပိုကောင်းသွားပါပြီ၊ ကျနော်တို့ ငွေပိုသုံးနိုင်သွားပါပြီ။
ချန်ပီယံလိဂ် မကစားရတဲ့ ဘောလုံးရာသီဖြစ်ပြီး ဒါက ကျနော်တို့ရဲ့ ဘဏ္ဍာရေးအတွက် ကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုသစ် ရလိုက်တာမို့ နွေမှာ အသင်း တိုးတက်လာအောင် လုပ်နိုင်တော့မှာပါ။ ဒီတော့ ဒါက သတင်းကောင်းပါ။ ဒီငွေတွေကို ကျနော်တို့ အကျိုးရှိရှိ သုံးနိုင်ရပါမယ်။ အဲ့လိုပဲ ပြောချင်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။