စပါးပွဲ ပါနိုင်မယ့် ထရန့်၊ ၁၁ ရက်အတွင်း ၄ ပွဲ၊ ကလော့ပ်အကြောင်း ပြောလာတဲ့ စပါးနည်းပြနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ထရန့်ဟာ ပုံမှန်အတိုင်း လေ့ကျင့်ရေး ပြန်ဝင်နိုင်ခဲ့ပြီဖြစ်ကာ စပါးပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြကလော့ပ် ကိုယ်တိုင် အတည်ပြုပါတယ်။

ယာဂင်ကလော့ပ်ဟာ လီဗာပူးကို ဝင်လာပြီး အန်ဖီးကလပ်ကိုပဲ ပြောင်းလဲပေးခဲ့ခြင်း မဟုတ်ဘဲ သူရောက်လာခြင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုကိုပါ ပြောင်းလဲပေးခဲ့တယ်လို့ စပါးနည်းပြက ချီးကျူးပါတယ်။

စပါးပွဲအတွက် လီဗာပူးပရိသတ်တွေကြား ရေပန်းစားနေတဲ့ တိုက်စစ် တွဲလုံးက ဒီယက်ဇ်၊ ဒါဝင်၊ ဆာလာအတွဲ ဖြစ်ပါတယ်။

နည်းပြအဖွဲ့က သူ့ခေါင်းထဲ ရိုက်ထည့်ပေးနေတဲ့ စနစ်ဟာ ကောင်တာ-ဖိအားပေးပဲ ဖြစ်ကြောင်း ဂရာဗင်ဘက်ချ်က ဆိုပါတယ်။ နည်းပြအဖွဲ့က ဆက်တိုက်ပဲ ကောင်တာ-ဖိအားပေးခြင်းကို စွဲမြဲနေအောင် အမြဲ သတိပေးနေတယ်လို့ သူက ပြောလာတာပါ။

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အမြင့်ဘော အောင်မြင်မှု အများဆုံး ထိပ်ဆုံး ကစားသမား နှစ်ဦးဟာ လီဗာပူးမှဖြစ်ကာ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ဖြစ်ပါတယ်။

မိုဆာလာဟာ လီဗာပူးအသင်းမှာရတဲ့ လုပ်ခနဲ့ အခြားသော စပွန်ဆာတွေကရတဲ့ ငွေကြေးတွေ အပါဆိုရင် တစ်ပတ်ကို ပေါင် ၁ သန်း ရရှိနေတာလို့ သိရပါတယ်။

လီဗာပူးအသင်းရဲ့ ပြင်သစ်သား အီဘူးဟာ စပိန်လို ပြောဆိုနိုင်စွမ်းရှိပြီး EA Sports မိတ်ဆက်မှုမှာ ဒါဝင်၊ ဒီယက်ဇ်တို့နဲ့ အပြန်အလှန် ပြောနိုင်ခြင်းအတွက် အသင်းဖော် ဂျိုတာက အတော်လေး အံ့အားသင့်ခဲ့ပါတယ်။

အဆိုပါ ဂိမ်းမိတ်ဆက်မှာပဲ ရော်ဘတ်ဆန်က သူ့ထက် ၆ လက်မလောက် ပိုမြင့်ပြီး 30 Kg လောက် ဝိတ်ပိုများတဲ့ အီဘူးကို ဖင်စောင့်ကန်ခဲ့တာကြောင့် လီဗာပူးပရိသတ်တွေကြား ရယ်စရာ ဖြစ်ခဲ့ပါတယ်။

ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာမို့ လီဗာပူးအသင်းဟာ ၁၁ ရက်အတွင်း ပွဲ ၄ ပွဲ ယှဉ်ပြိုင်ရမှု ဖြစ်လာပါမယ်။

လီဗာပူးအသင်းဟာ ဆာလာနေရာ ရေရှည်အစားထိုးဖို့ ဒေါ့မွန် တိုက်စစ်သမား Malen ကို စိတ်ဝင်စားနေကြောင်း ဂျာမာန်သတင်းဌာနတွေက ဖော်ပြနေပါတယ်။

မဲဝုဒ် လေ့ကျင့်ရေးကွင်းကို ပြန်လည်ဝယ်ယူခဲ့ပြီးနောက် အက်ဆာမဲဝုဒ် လေ့ကျင့်ရေးကွင်း နာမည်ဖြင့် ပြန်လည် ဖွင့်လှစ်ခဲ့ပြီဖြစ်ကာ လီဗာပူးအမျိုးသမီးအသင်းရဲ့ လေ့ကျင့်ရာဌာနေ ဖြစ်လာပါမယ်။