ထရန့် ပြန်ပါလာပြီး ဒါဝင်၊ ဆာလာ၊ ဒီယက်ဇ် အတွဲ ထုတ်သုံးဖွယ်ရှိတဲ့ စပါးပွဲကြို ပွဲထွက် လူစာရင်း ခန့်မှန်း

ဒီကနေ့ည ၁၁ နာရီမှာတော့ လီဗာပူးအသင်းဟာ လန်ဒန်ကိုသွားပြီး တော်တင်ဟမ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရပါမယ်။ ဒီနှစ်သင်းဟာ အခုချိန်ထိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိကြသေးဘဲ ရလဒ်ကောင်းတွေ ရနေကြတာ ဖြစ်ပါတယ်။

Team news

  • ထရန့် ပြန်ပါနိုင်ပြီ ဖြစ်ပါတယ်။
  • ဘာ့ဆဲတစ် နောက်ဆက်တွဲ ဒဏ်ရာကြောင့် အနားယူရပါမယ်။
  • သီယေဂိုနဲ့ ဘရတ်ဒလေတို့ လူစာရင်းမှာ မပါနိုင်သေးပါဘူး။

Liverpool’s XI vs. Tottenham

ဒီပွဲမှာ နည်းပြကလော့ပ်ဟာ ဂိုးသမားအဖြစ် အယ်လီဆန်ကို ပြန်လည် နေရာပေးမှာပါ။ ညာအစွန်မှာ ထရန့် ပြန်ပါလာဖွယ်ရှိပြီး ခံစစ်အတွဲက ဗန်ဒိုက်၊ အီဘူးဖြစ်လာပါမယ်။ ဘယ်အစွန်နေရာမှာတော့ ရော်ဘတ်ဆန် ဖြစ်ပါတယ်။

ဒီပွဲမှာ ဘာဖြစ်လာမယ် မသိနိုင်တာက ကွင်းလယ်ဖြစ်ပါတယ်။ ကြားရက်က လက်စတာပွဲမှာ ဂရာဗင်ဘက်ချ်၊ အန်ဒို၊ ဟာဗေး အတွဲကို ထုတ်သုံးခဲ့ပြီး ဂရာဗင်ဘက်ချ်က ၆၅ မိနစ်စာ ပွဲကစားခွင့် ရခဲ့ပါတယ်။ ညာအစွန်မှာ ပွဲထွက်တဲ့ ဂျုံးကတော့ မိနစ် ၈၀ ကစားခွင့်ရခဲ့တာပါ။

အခုချိန်ထိ အဖြစ်နိုင်ဆုံး လူစာရင်းကတော့ မာကာ၊ ဆိုဘို၊ ဂျုံး တွဲလုံးပဲဖြစ်ပါတယ်။ ဒီပွဲဟာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲဖြစ်တာကြောင့် အထိုင်ကျအောင် ကြိုးစားနေရဆဲ လူသစ် ၂ ဦးဖြစ်တဲ့ ဂရာဗင်ဘက်ချ်နဲ့ အန်ဒိုကို ပွဲထွက်ကနေ သုံးမယ် မထင်ပါဘူး။

တိုက်စစ်ကတော့ ဒီယက်ဇ်၊ ဒါဝင်၊ ဆာလာ အတွဲပဲ ဖြစ်လာဖို့ရှိပြီး ဒီအတွဲဟာ ပရိသတ် တောင်းဆိုခံရမှု အမြင့်ဆုံး ဖြစ်နေပါတယ်။