တော်တင်ဟမ် vs လီဗာပူး ပွဲစဉ်မှာ အနိုင်ရမယ့် အသင်းကို ခန့်မှန်းလိုက်တဲ့ ဘာဘာတော့ဗ်

ဒီကနေ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၇ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးအသင်း တိုက်စစ်သမားဟောင်း ဘာဘာတော့ဗ်က ပွဲကြို ခန့်မှန်းမှု ပြုလုပ်ခဲ့ပါတယ်။

သူကတော့ လန်ဒန်ကလပ်ဟာ လီဗာပူးအသင်းရဲ့ တိုက်စစ်ကို တောင့်ခံနိုင်မှာဖြစ်ပြီး ပွဲအပြီးမှာ ပြုံးပျော်ရလိမ့်မယ်လို့ ယုံကြည်နေတယ်။

တော်တင်ဟမ် v လီဗာပူး

ဒီပွဲက ခက်ခဲစွာ ယှဉ်ပြိုင်ကြရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ စပါးဘက်က ပွဲထဲမှာ ရလာမယ့် အခွင့်အရေးတွေကို အရယူဖို့ အဆင်သင့် ဖြစ်နေရမှာပါ။

လီဗာပူးအသင်းမှာ အတော်လေး ကောင်းမွန်လှတဲ့ တိုက်စစ် အင်အားစုကြီး ရှိနေတယ်။ နူးညက်စ်၊ ဆာလာနဲ့ အများကြီးပါပဲ။ နှစ်သင်းလုံးရဲ့ ကစားသမားတွေက ဂိုးသွင်းနိုင်တယ်။

စပါးအနေနဲ့ ရလာမယ့် အခွင့်အရေးကို အရယူဖို့ လိုပါတယ်၊ ဒီပွဲမှာ သူတို့ ဂိုးစပေးလိုက်ရရင် ပြာမသွားဖို့လည်း လိုလိမ့်မယ်။ သူတို့ အကောင်းဆုံး လုပ်ပြီး လီဗာပူးကို အနိုင်ယူနိုင်မယ်လို့ ကျနော် ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်ကတော့ တော်တင်ဟမ် 2-1 လီဗာပူး ပဲဖြစ်ပါတယ်။