မင်းတို့အတွက်တော့ ရယ်စရာသာသာပေါ့ကွာ၊ ငါ့အတွက်ကတော့ ပေးဆပ်မှု ကြီးလွန်းတဲ့ပွဲ ဖြစ်ခဲ့တာပါ ဆိုတဲ့ ယာဂင်

ဒီနေ့ပွဲနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီး ရှိပေမယ့် ရင်ထဲမှာ ပြည့်နေပါတယ်။ စိတ်ပြေလက်ပျောက် ပွဲအပြီး ကလော့ပ် ပြောခဲ့တာတွေပဲ ဖတ်ကြည့်ကြပါဦး။

ယာဂင်ကလော့ပ် ” ကျနော် ကောင်လေးတွေကို ပြောခဲ့ပါတယ်။ ဘောလုံးဆိုတာ ရလဒ်ယူရတဲ့ပွဲဆိုပေမယ့် စွမ်းဆောင်ရည် မပြနိုင်ရင် ဘာအဓိပ္ပာယ်ရှိမှာလဲ။ ”

” ကျနော် ဘဝမှာ ဒီလောက် မျှတမှုမရှိတဲ့ ပွဲမျိုး လုံးဝကို မမြင်ဖူးတာပါ၊ မမျှတတဲ့ အခြေအနေတွေ၊ ရူးကြောင်ကြောင် ဆုံးဖြတ်ချက်တွေ။ ”

” ကာတစ်ဂျုံးက ဘောလုံးကို လုခဲ့ရင်းက ခြေထောက် လိမ့်သွားတာပါ။ ဒီကိစ္စကြီးက ဘယ်လိုမှကို ဆိုးရွားတဲ့ ဖြတ်ထုတ်မှု မဟုတ်ပါဘူး။ သူ ဘောလုံးပေါ်ကို နင်းမိခဲ့တာပါ။ သူ အားရပါးရ ဘောလုံးကို လုခဲ့ရင်းက တက်နင်းမိတာပါ။ ”

” ဒီယေဂိုရဲ့ ပထမ အဝါကဒ်က ဖြစ်ကို မဖြစ်သင့်တာပါဗျာ။ ”

” ဒီနေ့ပွဲမှာ ကျနော်တို့ ရသင့်ပါရဲ့ မရခဲ့တာက ရလဒ်တွေအပြင် ဒိုင်ဆုံးဖြတ်ချက်တွေပဲ ဖြစ်ပါလိမ့်မယ်။ ကွင်းထဲက အသင်းသားတိုင်းဟာ ဖြတ်ကျော်ရ ခက်ခဲလွန်းအောင် စွမ်းဆောင်ခဲ့ပါတယ်။ ”

” ဒီယက်ဇ်ဂိုးက လူကျွံဘောကို မဟုတ်တာပါ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို့ လိုင်းဆွဲတာ တလွဲချည်းပါ။ ”

” ဒီနေ့က တကယ်ကို ဗျင်းရတဲ့နေ့ပါ။ မင်းတို့အတွက် ရယ်စရာ သာသာလောက် ဖြစ်ခဲ့ပေမယ့် ငါ့အတွက်ကတော့ ပေးဆပ်မှု ကြီးမားလွန်းပါတယ်။

” ဒီနေ့ပွဲထက် ကျနော်ရဲ့ အသင်းကို ပိုပြီး ဂုဏ်ယူမိတာမျိုး မရှိတော့အောင်ကို ဂုဏ်ယူပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။