

လီဗာပူးအသင်းဟာ စပါးပွဲမှာ VAR ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်အပေါ် လွယ်လွယ်နဲ့ မပြီးစေဘဲ ဖြေရှင်းနိုင်ဖို့ ကြိုးစားမှာဖြစ်ကြောင်း တင်းမာတဲ့ သဘောထားတစ်ခု ထုတ်ပြန်လိုက်ပါတယ်။
PGMOL ရဲ့ တောင်းပန်ခြင်းကို လွယ်လွယ်ကူကူ လက်မခံဘဲ ဥပဒေကြောင်းအရပါ ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေခြင်း နောက်ဆက်တွဲ အဖြစ် လီဗာပူးအသင်းအပေါ် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေ တင်းကြပ်တဲ့ ဆက်ဆံမှုတွေ ပြုလုပ်လာနိုင်ကြောင်း အသင်းပရိသတ်တွေ ထင်မြင်ချက်ပေးနေကြပါတယ်။
လီဗာပူးအသင်းက PGMOL ရဲ့ မှားယွင်းပါကြောင်း စာထုတ်မှုကို ထိပ်တိုက်တွေ့ဖို့ ကြိုးစားတာဟာ မလုပ်သင့်ဘူးလို့ ဂယ်ရီနဗီးက ဝေဖန်ခဲ့ပြီး တွစ်တာမှာ အတော်လေး ပွဲဆူနေခဲ့ပါပြီ။
စပါးပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဂက်ပိုဟာ သီတင်းပတ် အနည်းငယ် အနားယူရမယ်လို့ သိထားရပြီး ဘယ်လောက် ကြာကြာ နားရမယ် မသေချာသေးပေမယ့် ၆ ပတ် ဝန်းကျင် ဖြစ်နိုင်ပါတယ်။
ယာဂင်ကလော့ပ်ရဲ့ ၅-၃-၀ ကစားကွက်ဟာ ဘောလုံးပွဲ သုံးသပ်သူတွေကြား အတော်လေး အံ့အားသင့်ခံနေရပြီး ၂ ယောက်လျော့နဲ့ကို ခံစစ်ချည်းပိတ်ဖို့ထက် တိုက်စစ် ကစားပြလိုသေးတဲ့ လီဗာပူးအသင်းသားတွေဟာ လျော့တွက်လို့မရဘူး ဆိုတဲ့ မှတ်ချက်တွေ ရရှိနေပါတယ်။
အယ်လီဆန်ဟာ စပါးပွဲမှာ သွင်းဂိုးအတွက် ကာကွယ်မှု ၈ ကြိမ် လုပ်ခဲ့ပြီး စံချိန်တင် ကာကွယ်မှု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းဟာ စပါးပွဲမှာ သိသာခဲ့ပြီး မာတစ် စိတ်ဓါတ်ကျနေမှုကို အသင်းဖော်ကောင်း ပြီသစွာ အားပေးမှုကလည်း ချီးကျူးခံနေရပါတယ်။
ကာတစ်ဂျုံးဟာ ဘရိုက်တန်၊ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ်တွေကို လွဲချော်သွားမှာ ဖြစ်ပါတယ်။