ကာတစ်ဂျုံးရဲ့ အနီကဒ်အတွက် လီဗာပူးအသင်း အယူခံဝင်မှုကို ပရီးမီးယားလိဂ် ဘက်က ပယ်ချလိုက်ပါပြီ။ ဂျုံးဟာ လာမယ့် ၃ ပွဲကို ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။
ကာတစ်ဂျုံး မပါနိုင်ချိန်မှာ မာကာကို သူ့ရဲ့ အကောင်းဆုံး နေရာထံ ပြန်ပို့ရေး ကွင်းလယ်ခံစစ်သမားအဖြစ် အန်ဒို တာဝန်ယူသင့်သလား ဒါမှမဟုတ် ဂျုံးနေရာ ဂရာဗင်ဘက်ချ်ကို ထည့်ပြီး ကွင်းလယ်တန်းကို စချိန်းသင့်ပြီးလား ဆွေးနွေးမှု ထွက်ပေါ်နေပါတယ်။
ပရီးမီးယားလိဂ်ဘက်ကတော့ အသံဖိုင်ကို လူရှေ့ချပြပြီးနောက်မှာပဲ စပါး vs လီဗာပူးပွဲမှာ human error တင် မဟုတ်ဘဲ VAR လုပ်ငန်းစဉ် ကိုင်တွယ်မှုကလည်း အားနည်းခဲ့ကြောင်း ဝန်ခံခဲ့ပြီ ဖြစ်ပါတယ်။
ဒီယက်ဇ်ဂိုးမှာ Darren England ဟာ ‘ပွဲပြန်စနေပြီ ဘာမှလုပ်လို့ မရတော့ဘူး’ ဆိုတဲ့ မှတ်ချက်ကို ၃ စက္ကန့် အကြာမှာ ပြောခဲ့ပါတယ်။ အကယ်လို့ သူ့ဘက်က ကွင်းလယ်ဒိုင်ကို ကွင်းပြင် ထွက်လာပြီး လာကြည့်ဖို့ ပြောရင်လည်း ဘယ်သူကမှ ကန့်ကွက်မှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းရဲ့ ပွဲပြီး သုံးသပ်ချက် ပရိုဂရမ်မှာတော့ ရော်ဘတ်ဆန်ရဲ့ အဝါကဒ်မှာ စပါး ကစားသမားဟာ တမင် ရည်ရွယ်ပြီး ရိုဘို အဝါထိအောင် ပြင်ဆင်ခဲ့တာကို ဖော်ပြခဲ့ပါတယ်။
ရော်ဘတ်ဆန် အဝါကဒ်၊ ဂျိုတာ ပထမ အဝါကဒ်၊ ဆာလာ အဝါကဒ်တို့ဟာ လီဗာပူးအသင်း မရသင့်တဲ့ ပြစ်ဒဏ်ကဒ်တွေဖြစ်ပြီး အဆိုပါ ၃ ကဒ်ကြောင့်ပဲ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ ပြစ်ဒဏ် ၆ ကြိမ် အထက် ပြသခံခဲ့ရခြင်းနဲ့အတူ လီဗာပူးအသင်းက ဒဏ်ကြေး ပေါင် ၂၅၀၀၀ ဆောင်ရမှာ ဖြစ်ပါတယ်။
နည်းပြဂွာဒီယိုလာက ပရီးမီးယားလိဂ်မှာ VAR ဒိုင်တွေက ကစားသမားတွေနဲ့ ပွဲစဉ်တွေကို ကျော်ပြီး သူတို့ကပဲ ပွဲရဲ့ အဓိက အကျဆုံးအဖြစ် မျက်နှာသာ ယူနေမှုကို ရပ်တန့်ချိန်တန်ပြီလို့ တိုက်တွန်းသွားပါတယ်။
တနင်္ဂနွေနေ့ ဘရိုက်တန်ပွဲကို သွားရောက် ယှဉ်ပြိုင်မယ့် လီဗာပူးပွဲကို ကွင်းလယ်ဒိုင် အဖြစ် အန်တိုနီ တေလာက ကိုင်တွယ်ပါမယ်။