ယူရိုပါလိဂ်ပွဲ မတိုင်ခင် မညာဘူး တကယ်ဗျင်းမှာလို့ အပြန်အလှန် လေတိုက်နေတဲ့ မာကာတို့ ညီအကို

ဒီအပတ် ယူရိုပါလိဂ်မှာတော့ မက်ကယ်လစ္စတာ ညီအကို နှစ်ဦး ထိပ်တိုက်တွေ့ကြပြီ ဖြစ်ကာ ပွဲကြိုမှာတော့ သူတို့နှစ်ဦး လေတိုက်နေကြပါတယ်။

ဒီကြားရက်မှာ လီဗာပူးအသင်းနဲ့ ဘယ်ဂျီယံကလပ် ယူနီယံ စိန့်ဂယ်လွိုက်စ်တို့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ကာ အဆိုပါ ကလပ်မှာ မာကာရဲ့ အကိုဖြစ်သူ ကယ်ဗင်ရှိနေပါတယ်။

ပွဲကြိုမှာ မာကာက ” မင်းမပျော်ရဖို့ မျှော်လင့်တယ်ကွာ၊ မင်း နာကျင်ရတာပဲ လိုချင်တယ်။ အန်ဖီးကွင်းရဲ့ အဝေးမှာ လီဗာပူး ကစားသမား တစ်ယောက်အဖြစ် လာ ယှဉ်ပြိုင်ပါမယ်။

ငါ မင်းကို အဝေးကွင်း လာယှဉ်ပြိုင်မယ့် ပြိုင်ဘက် တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် မင်းတို့ကွင်းမှာ၊ မင်းတို့ ပရိသတ်တွေ ခံစားရအောင် လုပ်ပြမယ် ” လို့ ကယ်ဗင်ကို သတိပေးခဲ့တယ်။

မာကာရဲ့ ခြိမ်းခြောက်မှုကို အကိုဖြစ်သူ ကယ်ဗင် မက်ကယ်လစ္စတာကလည်း ” တော်ကြာနေ ငါ့ရဲ့ ဖြတ်ထုတ်မှုတွေကြောင့် မင်းပဲ ခံစားသွားရဦးမယ် ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ ညီကို နှစ်ဦးဟာ တစ်သင်းတည်းမှာ အတူ ကစားခဲ့ဖူးပေမယ့် အခုလိုမျိုး ပြိုင်ဘက်အဖြစ် ရင်ဆို်င်ရမှာကတော့ ပထမဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။