လီဗာပူးပွဲတွေကို ကိုင်ခွင့်ရတော့မှာ မဟုတ်တဲ့ ဒိုင်လူကြီး၊ Replay ပွဲ နောက်ဆက်တွဲ ဂယက်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဒိုင်လူကြီး Darren England ဟာ စပါးပွဲက အမှားကြောင့် ဒီရာသီ လီဗာပူးအသင်းပွဲတွေကို ကိုင်တွယ်ခွင့် ပိတ်ခံလိုက်ရပါပြီ။

ထရန့်ကတော့ ကလပ်ရဲ့ ရည်မှန်းချက်ကို ထုတ်ဖော်ရဖို့ ရှက်ရွံ့နေမှာ မဟုတ်ဘဲ ရာသီကုန်ရင် ဆုဖလားကြီးတွေ အောင်မြင်လိုတယ်လို့ ပြတ်ပြတ်သားသား ပြောပါတယ်။

ယာဂင်ကလော့ပ်က ပြန်ကန်ပွဲအကြောင်း လီဗာပူးအသင်း နည်းပြအဖြစ် ထုတ်ပြောခဲ့ခြင်း မဟုတ်သလို အသင်းဘက်က တရားဝင် တောင်းဆိုမှု ပြုလုပ်မလား ဒီအခြေအနေမှာ မသိသေးပါဘူး။

ကလော့ပ် တောင်းဆိုတဲ့ ပြန်ကန်ပွဲဟာ ဂျုံးကို ထုတ်ထားပြီး ၁၀ ယောက် ၁၁ ယောက် အနေအထားဖြင့် ဒီယက်ဇ် ဂိုးသွင်းတဲ့ နေရာက ပြန်လည်း စတင်ဖို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ရှေ့နေတွေဖြင့် တိုင်ပင်မှု ပြုလုပ်နေပြီး စပါး vs လီဗာပူး ပွဲစဉ်ကို ပြန်ကစားရဖို့အတွက် ပရီးမီးယားလိဂ်ထံ စာတင်ဖို့ အားထုတ်မှု ရှိနေတယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။

ယူအီးအက်ဖ်အေ စည်းမျဉ်းအရ ပြန်ကန်ပွဲ ကစားဖို့ဆိုတာ မဖြစ်နိုင်သလောက် အကန့်အသတ်ရှိတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။ နည်းပြကလော့ပ်နဲ့ လီဗာပူးတို့က မဖြစ်နိုင်တဲ့ ကိစ္စကြီးနဲ့ ပရီးမီးယားလိဂ်ဒိုင်တွေရဲ့ အမှားကို ရည်ရွယ်ချက်ရှိရှိ ပြန်တုန့်ပြန်ခဲ့ခြင်းလို့လည်း ယူဆမှုတွေ ရှိပါတယ်။

ပြိုင်ဘက် ကလပ်တွေကတော့ VAR ရဲ့ လွှမ်းမိုးမှုကို တောက်လျှောက် ငုံ့ခံနေခဲ့ပေမယ့် လီဗာပူးနည်းပြ ကလော့ပ်ရဲ့ ပြန်ကန်ပွဲ တောင်းဆိုမှုကို ဒေါသထွက်နေပြီး အဲ့လိုဆိုရင် သူတို့လည်း မတရားခံခဲ့ရတဲ့ ပွဲတွေကို ပြန်ကန်မှာပေါ့လို့ ထုတ်ဖော်နေကြပါတယ်။

ဂက်ပိုဟာ ဒဏ်ရာကြောင့် ယူနီယံ စိန့်နဲ့ ဘရိုက်တန်ပွဲ ၂ ပွဲကို လွဲချော်ပြီး အဲဗာတန်ပွဲမှာ ပြန်ပါနိုင်ဖို့ ရှိပါတယ်။

ဒီကနေ့ည ယူရိုပါလိဂ်ပွဲအပြီးမှာ လီဗာပူးအသင်းဟာ နောက်ထပ် အိမ်ကွင်းပွဲအဖြစ် အောက်တိုဘာလ ၂၁ ရက်နေ့ အဲဗာတန်အသင်းကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ အဆိုပါ ကာလ အမှီ ကွင်းတိုးချဲ့မှုကို ၆၁၀၀၀၀ ဝင်ဆံ့အောင် အပြီးသတ်ပါမယ်။