ယူနီယံ စိန့်ကို ၂-၀ ဖြင့် အနိုင်ရခြင်း၊ ၁၂ ချက် ချုပ်ရတဲ့ ကလယ်ဟာနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဂရာဗင်ဘက်ချ်၊ ဂျိုတာတို့ရဲ့ သွင်းဂိုးတွေဖြင့် ယူရိုပါလိဂ် ဒုတိယမြောက်ပွဲကို အနိုင်ရအပြီး လီဗာပူးအသင်းဟာ အုပ်စုဗိုလ်နေရာမှာ ရပ်တည်နေပါတယ်။

အန်ဖီးကွင်းမှာ သားနှစ်ယောက် ထိပ်တိုက်တွေ့နေကြတဲ့ ပွဲစဉ်ကို ကြည့်ပြီး ကြည်နှုးစိတ်ဖြင့် မက်ကယ်လစ္စတာတို့ရဲ့ ဖခင် မျက်ရည်ကနေခဲ့တယ်လို့ သိရပါတယ်။

ပွဲကစားခွင့် မိနစ်တွေ ရနေတာကြောင့် သူ့ရဲ့ ယုံကြည်ချက်တွေ တိုးပွားလာနေတယ်လို့ ယူနီယံစိန့်ပွဲမှာ ပွဲထွက်ခွင့်ရခဲ့သလို လီဗာပူး ကစားသမားဘဝ ပထမဆုံး သွင်းဂိုး ရယူနိုင်ခဲ့တဲ့ ဂရာဗင်ဘက်ချ်က ဆိုပါတယ်။

စပါးပွဲကို ပြန်မကန်ရဘူးဆိုတာ နားလည်ပေမယ့် သူ့အမြင်ကို ပြောခဲ့ခြင်းပဲ ဖြစ်တယ်လို့ ကလော့ပ်က ဆိုပါတယ်။

ယူနီယံ စိန့်အသင်းကို ပရော်ဖက်ရှင်နယ်ကျကျ ခြေစွမ်းဖြင့် အနိုင်ရခဲ့ခြင်းအပေါ် ကလော့ပ်က ချီးကျူးပေမယ့် ကလပ်ရဲ့ ရစ်သမ် အနည်းငယ် ကျဆင်းသွားတယ်လို့ မှတ်ချက်ပေးပါတယ်။

ယူရိုပါလိဂ်ပွဲမှာ ပွဲထွက်ခဲ့တဲ့ ကွမ်းဆက်ထံက ဗန်ဒိုက်ရဲ့ ရနံ့တွေ ရနေတယ်လို့ လီဗာပူး ပရိသတ်တွေကြား မှတ်ချက်ပေးမှု ထွက်ပေါ်နေပါတယ်။ အသက် ၂၀ အရွယ် ခံစစ်မှူးဟာ ဘောလုံးပေးမှုပိုင်း ကောင်းသလို ပြိုင်ဘက် ကစားသမားတွေကို ကိုင်တွယ်ရာမှာလည်း အရည်အချင်းရှိသူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လွတ်လပ်သော ပွဲမတော်တဆမှု သုံးသပ်ရေး အဖွဲ့ကတော့ စပါးပွဲမှာ ဂျိုတာရဲ့ အနီကဒ်ဟာ မပေးသင့်ကြောင်း မဲခွဲဆုံးဖြတ်ရာမှာ ၃-၂ ဖြင့် မပေးသင့်တဲ့ဘက်က မဲများခဲ့ပါတယ်။

ယူရိုပါလိဂ်ပွဲကြို လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၁၂ ချက် ချုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီရာသီ လီဗာပူးကွင်းလယ်လူတွေထဲမှာ ဘောလုံး ဖြတ်လုမှုနဲ့ ဝင်ရောက် ကိုင်တွယ်မှုတွေကို အများဆုံး လုပ်ထားနိုင်သူက ဝါတာရု အန်ဒိုဖြစ်ပါတယ်။

နိုင်ငံတကာ သီတင်းပတ်အတွက် အင်္ဂလန်အသင်း လူစာရင်းမှာ လီဗာပူးအသင်းမှ တစ်ဦးတည်းသော ကစားသမားအဖြစ် ထရန့်ကို ရွေးချယ်ပြီး ကွင်းလယ်လူ နေရာက ထည့်သွင်းခဲ့ပါတယ်။