အန်ဖီးကွင်းမှာ ယူနီယံ စိန့်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲအပြီးမှာ မီဒီယာသမားတွေက စပါးနဲ့ပွဲ ပြန်ကန်ပွဲကိစ္စ ထပ်ပြောပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြကလော့ပ်က လီဗာပူး နည်းပြ အဖြစ် မဟုတ်ဘဲ ဘောလုံး အသိုင်းအဝိုင်းထဲက လူတစ်ယောက်အဖြစ် သူ့အမြင်ကို ထုတ်ပြောခဲ့တာပါ။ ကလော့ပ် ပြောသမျှ စကားလုံးတိုင်းဟာ မီဒီယာတွေထက်မှာ ပွဲဆူခဲ့ပါတယ်။
ယူနီယံစိန့်ပွဲအပြီး သတင်းထောက်တွေက စပါးပွဲ ကိစ္စ ထပ်မေးကြချိန်မှာတော့ ကလော့ပ်က တော်လောက်ပြီးဖြစ်ကြောင်း၊ အားလုံးက ကလေးတွေလည်း မဟုတ်ကြတာမို့ ရင့်ကျက်စွာနဲ့ ကျော်ဖြတ်ကြရအောင်လို့ တုန့်ပြန်ခဲ့ပါတယ်။
ပွဲဆူခဲ့တဲ့ ပြန်ကန်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး ကလော့ပ်က ပြောရာမှာ ” မနေ့တုန်းက (ယူရိုပါလိဂ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ) စပါးပွဲအကြောင်းကို ပြောခဲ့ကတည်းက ဒါမျိုးတွေ လုပ်လာမယ်ဆိုတာ ကျနော် သိပါတယ်။ အားလုံးက တကယ်လည်း လုပ်လာကြပါတယ်၊ ဒါက ဘောလုံးလောကမှာ လုပ်နေကျ နည်းလမ်းပဲလေ။
ဒီမှာရှိနေတဲ့ သူတိုင်း ကျနော် ဘာပြောခဲ့လဲဆိုတာ ကြားခဲ့ကြမှာပဲ။ ဒါပေမယ့် အားလုံးက ကျနော်ပြောသလို မဟုတ်ဘဲ ကိုယ်နားလည်ချင်သလို နားလည်ခဲ့ကြတာပဲ မဟုတ်လား။ ရပါတယ်၊ အဆင်ပြေပါတယ်။
ကျနော်က စပါးပွဲကို အာရုံထဲမှာ မရှိတော့ပါဘူး။ အဲ့ပွဲက ပြီးသွားပါပြီ။ ပွဲပြီးခဲ့ပြီ အဆင်ပြေပါတယ်။ ကျနော်တို့က ကလေးတွေလည်း မဟုတ်ဘူးဗျာ။ ခင်ဗျားတို့ မေးခွန်းထုတ်လို့ ကျနော် ဖြေပေးခဲ့တာပါ ” လို့ ဖြစ်ပါတယ်။