

ဒီအပတ် တနင်္ဂနွေနေ့မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရပါမယ်။ အဆိုပါပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းချက်ကို ဖော်ပြမှာ ဖြစ်ပါတယ်။
Brighton v Liverpool
အရင်အပတ်က ဘရိုက်တန်တို့ ၆ ဂိုးပြတ် အရေးနိမ့်ခဲ့တယ်။ လီဗာပူးက တောင်ပံ နေရာတွေကနေ သူတို့ကို ဖြိုခွင်းနိုင်မယ် ထင်ပါတယ်။ မိုဆာလာက လက်တလော အတော်လေး ကောင်းနေတယ်။ ဒီပွဲကို မနိုင်ဘူးဆိုရင် လီဗာပူးတို့ ဒီပွဲလည်း ပြန်ကန်ပွဲ လိုချင်မှာပဲလေ၊ မဟုတ်ဘူးလား?
နည်းပြကလော့ပ်ကို သဘောကျပါတယ်။ ဒါပေမယ့် ပြန်ကန်ပွဲဖြစ်လာခဲ့ရင် ဘောလုံးလောကက တကယ့် ဗရမ်းဗတာတွေ ဖြစ်ကုန်မှာပါ။ ကလပ်တွေကို နစ်နာစေတဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ ရှိလာတိုင်း လူတိုင်းက ပြန်ကန်ပွဲတွေ လိုချင်ကြတော့မှာပါ။ အဲ့တာက အတော်လေး အဓိပ္ပာယ် မရှိတာပါ။
စပါးပွဲမှာ လီဗာပူးက အတော်လေးကို ကံမကောင်းခဲ့ပါဘူး။ ဒီယက်ဇ်ရဲ့ သွင်းဂိုး ခွင့်မပြုတဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ အနီကဒ်ဖြစ်ရပ်က လီဗာပူးအသင်း အပေါ်မှာပဲ တာဝန်ရှိပါတယ်။ ဂျုံးရဲ့ အနီကဒ်ကို ဘာလို့ သူတို့ အယူခံဝင်လဲ ကျနော် နားကိုမလည်ဘူး။
ကြားရက်မှာ မာဆေးနဲ့ ကစားထားတဲ့ ဘရိုက်တန်အသင်းက ဒီပွဲကို အိမ်ကွင်းမှာ စောင့်နေမှာပါ။ ဥရောပပွဲက သူတို့အပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ မြင်ရပါမယ်။ အရင်လကတော့ ယူရိုပါလိဂ်ပွဲ ကစားပြီး ဘုန်းမောက်ကို အနိုင်ရခဲ့ပေမယ့် ဒီတစ်ကြိမ်က ဘရိုက်တန်အတွက် ပိုခက်ခဲမှာပါ။
မနှစ်ကရာသီ Amex Stadium မှာ ဘရိုက်တန်က လီဗာပူးကို ၃-၀ နဲ့ အနိုင်ယူခဲ့တယ်။ အက်ဖ်အေဖလားမှာလည်း ၂-၁ နဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်က ကွင်းလယ်ပိုင်း အပြောင်းအလဲတွေနဲ့အတူ မတူညီတဲ့ လီဗာပူးအသင်းပါ။ အသင်းဟောင်းကို ရင်ဆိုင်ရာမှာ မက်ကယ်လစ္စတာ တောက်ပပြီး အိမ်ရှင်တွေထံက အမှတ် ခွဲယူနိုင်ပါလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် 2-3 လီဗာပူး