ဂရာဗင်ဘက်ချ်လား? အန်ဒိုလား? အ​ပြောင်းအလဲ ရှိလာမယ့် ဘရိုက်တန် ပွဲကြို ပွဲထွက် လူစာရင်း ခန့်မှန်းခြင်း

မနက်ဖြန် တနင်္ဂနွေနေ့ ညမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အဝေးကွင်းအဖြစ် ဒီရာသီ တိုက်စစ်အကောင်းဆုံး အသင်းဖြစ်တဲ့ ဘရိုက်တန်ထံ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

Team news

  • ကာတစ်ဂျုံး ၃ ပွဲပယ်နဲ့ ဂျိုတာ ၁ ပွဲပယ် ပြစ်ဒဏ်တွေ ရင်ဆိုင်ရပါမယ်။
  • သီယေဂို တင်ပါး ဒဏ်ရာကနေ ပြန်မကောင်းသေးပါဘူး။
  • ဂက်ပို နိုင်ငံတကာသီတင်းပတ် အပြီး ပြန်လာနိုင်ပါမယ်။
  • ဘာ့ဆဲတစ်နဲ့ ဘရတ်ဒလေတို့ကို ကြံခိုင်မှုအတွက် အချိန်ပေးသွားမှာပါ။

Liverpool’s XI vs. Brighton

ဘောလုံးရာသီရဲ့ ၄ ချိုး ၁ ချိုးကို ဝင်ရောက်လာခဲ့ပြီဖြစ်တာနဲ့အညီ အသင်းရဲ့ အကောင်းဆုံး လူစာရင်းကလည်း ပေါ်ထွက်လာနေပါပြီ။ သို့ပေမယ့် ဒီပွဲမှာတော့ ဒဏ်ရာတွေ၊ ပွဲပယ်တွေကြောင့် ရွေးချယ်စရာ အနည်းငယ် အားနည်းနေမှာ ဖြစ်ပါတယ်။

ဂိုးသမားနေရာ အယ်လီဆန်ဖြစ်ပြီး ခံစစ်ကြောင်းကတော့ ထရန့်၊ အီဘူး၊ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန်တို့ အတွဲ ဖြစ်လာမှာပါ။ ဒဏ်ရာက ပြန်သက်သာလာနေတဲ့ ထရန့်ကို ကြားရက် ယူရိုပါလိဂ်မှာ စတင် မိတ်ဆက်ခဲ့ပြီး အင်္ဂလန်အသင်းအတွက်လည်း နည်းပြဆောက်ဂိတ်က ရွေးချယ်ထားပါတယ်။

တိုက်စစ်ကတော့ ရွေးချယ်စရာမရှိ ဒီယက်ဇ်၊ ဒါဝင်၊ ဆာလာအတွဲပဲ ရှိပါမယ်။ ဂက်ပို ဒဏ်ရာရနေပြီး ဂျိုတာ ဒီပွဲကို ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။

ဘရိုက်တန်ပွဲအတွက် တစ်ခုတည်းသော စောင့်ကြည့်ရမယ့် နေရာက ကွင်းလယ်အတွဲ ဖြစ်ပါတယ်။ မာကာ၊ ဆိုဘို တို့ကို နံပါတ် ၁၀ တွေ ကစားခိုင်းပြီး အနောက်မှာ ဝါတာရုကို ထားမလား? ဂရာဗင်ဘက်ချ်၊ ဆိုဘို နောက်ကနေ မာကာကို နေရာချမလား ကြည့်ရမှာပါ။

ဘရိုက်တန်အသင်းဟာ ကစားပုံကောင်းပေမယ့် နောက်ဆုံး ပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို ၆ ဂိုးပြတ် အရေးနိမ့်ထားတာကြောင့် အိမ်ကွင်းပွဲ ရုန်းကစားလိုနေခြင်းကို သတိပြုရမှာ ဖြစ်ပါတယ်