ဘရိုက်တန်ပွဲအပြီး ကွင်းလယ် 6 Role မှာ ကစားနေရခြင်းအတွက် မက်ကယ်လစ္စတာရဲ့ တုန့်ပြန်ချက်

ဘရိုက်တန်ပွဲအတွင်း မက်ကယ်လစ္စတာရဲ့ ခြေစွမ်းကို မြင်ခဲ့ရအပြီး နည်းပြကလော့ပ် အနေနဲ့ အကောင်းဆုံး နံပါတ် ၁၀ သမား တစ်ဦးကို စတေးနေမှုအား ရပ်တန့်သင့်ပြီလို့ ပရိသတ်တွေ များစွာထံက ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မက်ကယ်လစ္စတာဟာ ဘရိုက်တန်ရဲ့ ပထမဂိုးမှာ အဓိက တာဝန်ရှိသူ ဖြစ်ခဲ့သလို သူဟာ ဒီပွဲမှာ ခံစစ်ပိုင်း ကာကွယ်ပေးဖို့ ရုန်းကန်ရမှုတွေ ရှိခဲ့ပါတယ်။ မက်ကယ်လစ္စတာကတော့ သူ့ရဲ့ လိုအပ်ချက်ရှိမှုကို အပြည့်အဝ လက်ခံပါတယ်။

မက်ကယ်လစ္စတာက ” ပွဲအပြီးမှာ သရေတစ်မှတ်ရခဲ့ပါတယ်။ အနာဂတ်မှာ ဒီရလဒ်က ကျနော်တို့အတွက် ကောင်းမွန်ပါလိမ့်မယ်။ အသင်းပေးလိုက်ရတဲ့ ပထမဂိုးမှာ ကျနော် ပိုကောင်းကောင်း လုပ်ပြနိုင်ခဲ့သင့်ပါတယ်။ ကစားသမားတွေ ဘယ်နေရာမှာ ရှိနေကြတယ်ဆိုတာ ကျနော် သတိပြုမိခဲ့သင့်တာပါ ” လို့ ဝန်ခံခဲ့တယ်။

မက်ကယ်လစ္စတာဟာ ယာဂင်ကလော့ပ်ရဲ့ ကစားကွက်မှာ Six Role ကနေ ကစားနေတာပါ။ ဒါဟာ လက်ရှိ လူစာရင်းအရ နေရာချထားခြင်းလား သို့မဟုတ် မက်ကယ်လစ္စတာရဲ့ အမြဲတမ်း နေရာ ဖြစ်လာမလားကတော့ နည်းပြနဲ့ ကစားသမားပဲ သိပါလိမ့်မယ်။

Six Role မှာ ကစားနေရခြင်းအတွက် တိုက်ရိုက်မေးခံရစဉ် ” ကျနော် ကြိုက်ပါတယ်။ အကြိမ် အများကြီး ကျနော် ပြောပြီးပြီ။ ယာဂင်က ဒီနေရာမှာ ကျနော်ကို ကစားစေခြင်းပြီး ကျနော်အပေါ် ကူညီမှုတွေ အများကြီးလည်း လုပ်ထားပေးတယ်။

ခံစစ်ပိုင်း အခြေအနေတွေမှာ ကျနော် တိုးတက်လာသလို နည်းပြအဖွဲ့နဲ့ အသင်းဖော်တွေလည်း ကျနော်အပေါ် ကူညီပေးကြပါတယ်။

ကျနော်တို့က လီဗာပူးပါ။ ကျနော်တို့ တိုးတက်လာရမယ်၊ ဆက်ပြီး သန်မာလာရမယ်။ ဘောလုံးပွဲတွေ အနိုင်ရဖို့ ကျနော်တို့ ဆက်လက် ကြိုးစားနေပါမယ် ” လို့ မာကာက ပြောဆိုသွားပါတယ်။