

ပရီးမီးယားလိဂ် ပွဲစဉ် ၈ မှာ လီဗာပူးအသင်းဟာ ဘရိုက်တန်နဲ့ ၂-၂ သရေကျခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေကာ ထိပ်ဆုံးက စပါးနဲ့ ၃ မှတ် ကွာဟနေပါတယ်။
ဆိုဘိုစလိုင်ကို ဆွဲလဲမှုဟာ ဘောလုံးဥပဒေအရ အနီကဒ် ပေးရမှာဖြစ်ပေမယ့် ဘရိုက်တန် ကစားသမား ကွင်းထဲမှာ ဆက်ရှိနေခြင်းအပေါ် မှတ်ချက်ပေးဖို့ ဗန်ဒိုက်ကော ကလော့ပ်ပါ ငြင်းဆန်လိုက်ပါတယ်။
စကိုင်းစပေါ့ကတော့ Pascal Gross ဟာ ဘောလုံးကစားဖို့ ကြိုးစားခြင်း မဟုတ်ဘဲ ပြိုင်ဘက် ကစားသမားရဲ့ ဂိုးရသင့်တဲ့ အခွင့်အရေးကို ဟန့်တားခြင်းအတွက် ဒီပွဲမှာ အနီကဒ် ပြသခံရသင့်တာဖြစ်ကြောင်း ထုတ်ဖော်သွားပါတယ်။
မီလ်နာဟာ ဘရိုက်တန်အသင်း အဝတ်လဲခန်းတွေ အနီးမှာ လီဗာပူးအသင်းဖော် ဟောင်းတွေကို နှုတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။
မာကာဟာ 6 Role နေရာမှာ သာမာန်ခြေစွမ်းလောက်နဲ့ ကစားနေတာဖြစ်သလို အမှားများတာကြောင့် သူ့ရဲ့ နေရာအတွက် ပြန်စဉ်းစားဖို့ ကလော့ပ်ကို တိုက်တွန်းနေကြပါပြီ။
ကာတစ်ဂျုံးကို တိုက်ရိုက် အနီကဒ်ပေးခဲ့တဲ့ ဖြစ်ရပ်ထက် ပိုဆိုးရွားတဲ့ ဖြတ်ထုတ်မှု ပြုလုပ်ခဲ့ပေမယ့် ကိုဗာဆစ် အဝါကဒ်ပဲ ပြသခံခဲ့ရခြင်းနဲ့အတူ ပရီးမီးယားလိဂ် ဒိုင်တွေရဲ့ အရည်အချင်းက မေးခွန်းထုတ်ခံနေရဆဲပါ။
နည်းပြကလော့ပ်က ဒီဇာဘီရဲ့ ဒေါသကို ထိန်းသိမ်းဖို့ ဝါရင့်တစ်ယောက်အဖြစ် ကူညီဖေးမခဲ့သလိုပဲ ဒီဇာဘီကလည်း မာကာကို လေးစားမှုပေးဖို့ ဘရိုက်တန် ပရိသတ်တွေကို တောင်းဆိုခြင်းနဲ့အတူ နည်းပြနှစ်ဦးဟာ သူတို့ရဲ့ အဆင့်အတန်းကို ပြသခဲ့ပါတယ်။
ဒီယက်ဇ် သွင်းဂိုး အငြင်းပွာစရာ အခြေအနေ ဖြစ်ခဲ့ပြီးတဲ့နောက် VAR ဆုံးဖြတ်ချက်အတွက် အတည်မပြုခင် ကွင်းထဲက ဒိုင်ထံက နောက်ဆုံး စစ်ဆေး အတည်ပြုချက် ရယူရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးရဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲကတော့ အဲဗာတန် (အိမ်ကွင်း)၊ ဖော့ရက်စ်( အိမ်ကွင်း)၊ လူတန် (အဝေးကွင်း)၊ ဘရန့်ဖိုဒ့် (အိမ်ကွင်း) တို့ပဲ ဖြစ်ပါတယ်။