

လက်ရွေးစင်အသင်းမှာ အတူ ပူးပေါင်းကြစဉ် စပါး ကွင်းလယ်လူ မတ်ဒီဆန်က လီဗာပူး ညာအစွန်လူ ထရန့်ဟာ ပြန်ကန်ပွဲ ကစားလိုနေဆဲလို့ နောက်ပြောင်သွားပါတယ်။
လက်ရှိ လီဗာပူးအသင်းမှာ ထိပ်တန်း ကွင်းလယ်လူ တစ်ဦး လိုအပ်နေဆဲလို့ ကာရေဂါက ထောက်ပြသလို ဗဟိုခံစစ်မှူး အသစ် တစ်ဦးလည်း ခေါ်ယူဖို့ လိုအပ်ပါကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ဘရိုက်တန်ကို ကစားခွင့်တွေ ပေးခဲ့ခြင်းအတွက် နည်းပြကလော့ပ်ဟာ အဝတ်လဲခန်းမှာ အသင်းသားတွေကို သတိပေး ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲအတွင်း နည်းပြကလော့ပ်ဟာ တိုက်စစ်အတွက် လူစားလဲဖို့ အကန့်အသတ် ရှိခဲ့ပါတယ်။
ဒီရာသီအတွင်း ဒီယက်ဇ်ရဲ့ အဆုံးသတ်ဇုန်အတွင်း တိကျမှုမရှိတဲ့ အဆုံးသတ်ချက်တွေ အပေါ် ထောက်ပြမှုတွေ မြင့်တက်နေပါတယ်။
နယ်သာလန်အသင်းဟာ ဂရာဗင်ဘက်ချ်ကို လူစာရင်းထဲ ရွေးချယ်ခြင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ နိုင်ငံတကာသီတင်းပတ်မှာ နယ်မြေသစ်မှာ အထိုင်ကျဖို့ နယ်သာလန် ယူ-၂၁ အသင်းနဲ့ ပူးပေါင်းဖို့ ဂရာဗင်ဘက်ချ်က ငြင်းဆန်ခဲ့တာပါ။
လာလီဂါကလပ် ဆီးဗီးလာက လီဗာပူးကွင်းလယ်လူ ဘာ့ဆဲတစ်ကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ စပိန်သားဟာ ဒီရာသီမှာ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ရုန်းကန်နေရပြီး ၁ ပွဲပဲ ပွဲကစားရပါသေးတယ်။
လေဗာကူဆင်အသင်းက Piero Hincapie အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ အထက် ရလိုတာကြောင့် ဇန်နဝါရီမှာ ဒီခေါ်ယူမှုကြီးကို လီဗာပူးအသင်း လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။