

ယာဂင်ကလော့ပ် အနေနဲ့ ကွင်းလယ်လူ ဝါတာရုကို ယုံကြည်ပေးဖို့ လီဗာပူးအသင်းနဲ့ နီးစပ်သူတွေက တိုက်တွန်းနေပါတယ်။ ဝါတာရုဟာ လီဗာပူးအသင်းရဲ့ တစ်ဦးတည်းသော ကွင်းလယ်ခံစစ်သမားဖြစ်ပေမယ့် သူ့နေရာမှာ မာကာ ဝင်ကစားပြီး ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် ဘောလုံးဒါရိုက်တာ Michael Emenalo က ဆာလာဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ စိတ်ကြိုက် ကစားသမားဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။
ဘော်ဘီ ဖာမင်နိုဟာ လီဗာပူးမှ သူ့ရဲ့ နေ့စွဲတွေအတွက် စာအုပ်တစ်အုပ် ရေးသားထားကာ နိုဝင်ဘာ ၉ ရက်နေ့မှာ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
ဒီရာသီမှာ VAR ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့မယ်ဆိုရင် လီဗာပူးအသင်းဟာ အမှတ်ပေး ဇယားထိပ်မှာ ရှိနေမှာဖြစ်ပြီး အနီးကပ် ပြိုင်ဘက်ကို ၂ မှတ်ဖြတ်ထားနိုင်မယ်လို့ သိရပါတယ်။
အဆိုပါ အချက်ဟာ လီဗာပူးပရိသတ်တွေကြားမှာ အငြင်းပွားစရာ ဖြစ်နေပြီး ဒီရာသီ အသင်း ပြသနေတာ ချန်ပီယံခြေစွမ်း မဟုတ်ဘူးလို့ ထုတ်ပြောမှုတွေ ရှိသလို၊ အချို့ကတော့ ဒီအချက်ကပဲ ဝေဖန်နေကြသလောက် အသင်းက ဆိုးရွားနေတာ မဟုတ်ကြောင်း တုန့်ပြန်နေပါတယ်။
ထရန့်ဟာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းခဲ့ပြီဖြစ်ကာ ကြံ့ခိုင်မှု လေ့ကျင့်ရေးတွေ စတင်နေပြီ ဖြစ်ပါတယ်။ ဘရိုက်တန်ပွဲမှာ လူစားလဲခံခဲ့ရပေမယ့် ဒဏ်ရာ ပြဿနာ ရှိဟန် မတူပါဘူး။
လီဗာပူးအသင်းဟာ ပြင်သစ် ကွင်းလယ်လူ မန်နူကူနေးကို အတော်လေး သဘောကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လို့ ယူရိုမှာ သူ ဒူးဒဏ်ရာ ရခဲ့တာမို့ စွန့်စား ခေါ်ယူခြင်း မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဝုဗ်တိုက်စစ်သမား Pedro Neto ကို အထင်ကြီးနေပါတယ်။ ကစားသမားရဲ့ ဒဏ်ရာ မှတ်တမ်းကြောင့် သတိထား စောင့်ကြည့်သွားဖွယ် ရှိပါတယ်။
၂၀၂၄ နွေမှာ လေဗာကူဆင်နည်းပြ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူး အစရှိတဲ့ အသင်းဟောင်း တစ်သင်းထံ ရောက်နိုင်ကြောင်း ဂျာမာန်သတင်းတွေက ဆိုပါတယ်။