ရိုဘို ပြင်းထန် ဒဏ်ရာ ရရှိခြင်း၊ ယူ-၂၁ မှာ ခြေစွာသွားတဲ့ ဟာဗေး၊ သီယေဂိုကို မခေါ်ဖို့ တိုက်တွန်းခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ကိုလံဘီယာ ၂-၂ ဥရုဂွေး ပွဲစဉ်မှာ ဒီယက်ဇ်ကော ဒါဝင်ပါ သက်ဆိုင်ရာ အသင်းတွေအတွက် ပွဲချိန်ပြည့် ကစားခဲ့ပြီး ဒါဝင်က သွင်းဂိုး ၁ ဂိုး ရခဲ့ပါတယ်။

စပိန်အသင်းကို ၂-၀ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ရော်ဘတ်ဆန်ဟာ ပုခုံး ဒဏ်ရာရခဲ့ပြီး လက်ရွေးစင် လူစာရင်းကနေ နှုတ်ထွက်ကာ လီဗာပူးထံ ပြန်လာပြီး ဒဏ်ရာ အခြေအနေ စကန်ဖတ်သွားပါမယ်။

အင်္ဂလန် ယူ-၂၁ အသင်းရဲ့ ပွဲစဉ်မှာ ဟာဗေးဟာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

ခံစစ်မှူး အီဘူးက ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့နိုင်ကြောင်း သတင်းတွေကို ရယ်မောခဲ့ပြီး သူက ပဲရစ်မြို့ခံဖြစ်ပေမယ့် လက်တလော လီဗာပူးမှာပဲ အရမ်း အဆင်ပြေနေပါတယ်လို့ ဖွင့်ဟလာပါတယ်။

နောက်နှစ်နွေမှာတော့ သီယေဂို အပြင် အတ်ဒရီယန်၊ မာတစ်နဲ့ ကော်နာ ဘရတ်ဒလေတို့ကလည်း လီဗာပူးနဲ့ စာချုပ် ကုန်ဆုံးကြမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ပရိသတ် အများအပြားက သီယေဂိုကို ပြန်ခေါ်ယူတာမျိုး မလိုချင်ကြဘဲ လီဗာပူးအသင်းနဲ့ ကြံ့ခိုင်မှု မှတ်တမ်းကို ကြည့်မယ်ဆိုရင် စပိန်သားရဲ့ အကောင်းဆုံး နေ့ရက်တွေက ကျော်သွားပြီလို့ မှတ်ချက်ပေးကြပါတယ်။

ဂိုးမက်စ်က သူ့ရဲ့ ကစားသမားဘဝ အခက်ခဲဆုံး ပြိုင်ဘက်ဟာ မန်စီးတီးရဲ့ ဆာနေးကို ရင်ဆိုင်ခဲ့ရခြင်းပဲလို့ ထုတ်ပြောသွားပါတယ်။

ထရန့်ကတော့ သူ့ရဲ့ အကယ်ဒမီ ကစားသမားဘဝမှာ မန်စီးတီး အသင်းသား ဘရန်ဒန် ဘာကာဟာ အတော်လေး ရင်ဆိုင်ရ ခက်ခဲသူလို့ ကင်ပွန်းတပ်ခဲ့ပြီး အဆိုပါ ကစားသမားဟာ အခုချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

အင်္ဂလန်လေ့ကျင့်ရေးကွင်းမှာ ထရန့်ကို ပြန်ကန်ပွဲအကြောင်း စနောက်တယ်ဆိုတာက သူနဲ့ ထရန့်က သိပ်ကို ရင်းနှီးကြလို့ပါဆိုပြီး မတ်ဒီဆန်က ထုတ်ပြောသွားပါတယ်။

ကာတစ်ဂျုံးကို အင်္ဂလန် လက်ရွေးစင်အသင်းအတွက် စတင် စောင့်ကြည့်ဖို့ သတိပေးချက်တွေ ထွက်ပေါ်နေပါတယ်။ ဂျုံးဟာ လူငယ်တန်း အကုန်လုံးကို ကစားခဲ့ပြီး ဖြစ်ပေမယ့် လက်ရွေးစင်အသင်းအတွက် ခေါ်ယူခြင်း မခံရသေးပါဘူး။

ဘယ်ဂျီယံ ကွင်းလယ်လူ လာဗီယာကို လီဗာပူးအသင်း မရခဲ့တာ အတော်လေး ကံကောင်းလှပြီး သူဟာ ပြင်းထန်တဲ့ ဒဏ်ရာကနေ သက်သာလာအပြီး နောက်ထပ် တစ်ကြိမ် ဒဏ်ရာ ထပ်ရခဲ့ပြန်ပါပြီ။