ရိုဘို ၁ လလား? နှစ်ကုန်ထိလား? မန်စီးတီးပွဲ ပွဲချိန်ပြောင်းလဲခြင်း၊ အားကစားဒါရိုက်တာ ရှာပုံတော်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဗန်ဒိုက် ပါဝင်တဲ့ နယ်သာလန်ဟာ အီဘူး ပါဝင်တဲ့ ပြင်သစ်ကို ၁-၂ ဖြင့် အရေးနိမ့်ခဲ့ပြီး ခံစစ်မှူး ၂ ဦးလုံး ပွဲချိန်ပြည့် ကစားခွင့်ရခဲ့ပါတယ်။

ရိုဘိုရဲ့ ပခုံးဒဏ်ရာဟာ ခွဲစိတ်မှု မလုပ်ဘူးဆိုရင် ၂ ပတ်ကနေ ၄ ပတ်အတွင်း ပြန်သက်သာမှာပါ။ ခွဲစိတ်မှု လုပ်ရမယ်ဆိုရင်တော့ ဒီနှစ်ကုန်ထိ အနားယူရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ တစ်လတာ အကောင်းဆုံး သွင်းဂိုးဆုကို လက်စတာပွဲမှာ သွင်းယူခဲ့တဲ့ ဆိုဘိုစလိုင်ရဲ့ သွင်းဂိုးက ရရှိသွားပါတယ်။

နောက်လ အီသီဟဒ်မှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ပွဲစဉ်ကို ပွဲနေ့ လုံခြုံရေးအတွက် နေ့ခင်း ၁၂ နာရီခွဲကို ပြောင်းလဲ ကစားစေဖို့ ဆုံးဖြတ်လိုက်ပါပြီ။

လီဗာပူးအသင်းဟာ ဒီရာသီ နိုင်ငံတကာ သီတင်းပတ် အပြီး နေ့ခင်း ၁၂ နာရီခွဲ ပွဲစဉ် ၄ ပွဲထဲက ၂ ပွဲကို ကစားရမယ့် အသင်းပါ။ အီသီဟဒ်မှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီးပွဲကို မူလပွဲချိန်ကနေ ရွှေ့ပြီး ၁၂ နာရီခွဲ ပြောင်းလိုက်တာကြောင့် ၃ ပွဲထိ ယှဉ်ပြိုင်ရဖို့ ဖြစ်လာပါတယ်။

ဂရာဗင်ဘက်ချ်က လီဗာပူးအသင်းမှာ သူစပရိုက်စ် အဖြစ်ဆုံး အသင်းဖော်က ဆိုဘိုဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ဆိုဘိုရဲ့ ကန်ချက်တွေက သိပ်ကို ပြင်းထန်ပြီး လေ့ကျင့်ရေးမှာတော့ ကန်ချက် အတော်များများက ဂိုးဝင်တယ်လို့ ဆိုပါတယ်။

မာကာဟာ ဘရိုက်တန်မှာ နံပါတ် ၆ နေရာက ကစားခဲ့ပြီး နောက်ပိုင်းမှာ ပြောင်းကစားခြင်းဖြစ်ကြောင်းနဲ့ လက်ရှိ အာဂျင်တီးနားမှာလည်း 6 Role က ကစားနေတာမို့ နည်းပြကလော့ပ်က သူ့ကို အဲ့နေရာ ထားတာဟာ အပြစ်တင်စရာ မဟုတ်ဘူးလို့ ထောက်ပြမှု ထွက်ပေါ်လာပါတယ်။

လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းရဲ့ အားကစားဒါရိုက်တာဟောင်း Max Eberl ကို ချိတ်ဆက်မှုလုပ်ဖို့ စိတ်ဝင်စားနေပါတယ်။