

ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာ အခြေအနေ အခုချိန်ထိ မသိရသေးဘဲ နည်းပြကလော့ပ်မှာ ဘယ်ခြမ်းအတွက် ရွေးချယ်စရာအဖြစ် ကိုစတက်နဲ့ တိုက်ရိုက် အစားထိုးမလား၊ ကွမ်းဆက်နဲ့အတူ ၃ ယောက်တန်း ခံစစ်မှူး ကစားမလား ရွေးချယ်စရာ ရှိနေပါတယ်။
တတိယ ရွေးချယ်စရာအဖြစ် ကွမ်းဆက်နဲ့အတူ အင်္ဂလန် ယူ-၂၀ အသင်းမှြ တောက်ပခဲ့သလို ဘယ်အစွန်လူနဲ့ ဘယ်ခြမ်း ဗဟိုခံစစ်မှူး အဖြစ် ကစားနိုင်တဲ့ ချမ်ဘာလည်း ရှိနေပါတယ်။
ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချစ်ကြည်ရေးပွဲအတွက် စကော့တလန် စီနီယာအသင်းဟာ ၁၇ နှစ်အရွယ် ဗန်ဒုတ်ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
မိုဆာလာ နေရာ အစားထိုးဖို့ လီဗာပူးအသင်းက မန်စီးတီး တိုက်စစ်သမားဟောင်း ဆာနေးကို ဦးစားပေး ပစ်မှတ်တွေထဲ ထည့်သွင်းထားပါတယ်။
နိုင်ငံတကာသီတင်းပတ် အပြီး အဲဗာတန်နဲ့ပွဲကို ရိုဘို၊ သီယေဂို၊ ဂျုံး၊ ဂက်ပို၊ ကလယ်ဟာ၊ ဘာ့ဆဲတစ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဘာ့ဆဲတစ် ဒဏ်ရာကနေ ပြန်သက်သာလာပြီးရင် ကြံ့ခိုင်မှု အကောင်းဆုံး ပြန်ရရေး ပုံမှန် ပွဲကစားခွင့်ရဖို့ လိုအပ်မယ်ဆိုတာကို လီဗာပူးဘက်က နားလည်ထားပါတယ်။ ဒါကြောင့် ဇန်နဝါရီမှာ သူ့ကို လာလီဂါထံ အငှားချထားရေး အသင်းဘက်က စဉ်းစားနေပါပြီ။
လီဗာပူးအသင်းရဲ့ လက်ရှိ စျေးကွက်အတွင်း တန်ကြေး အကြီးဆုံး ကစားသမားက ဒီယက်ဇ်ဖြစ်ပြီး ယူရို ၇၅ သန်း တန်ကြေးရှိကာ ဒုတိယနေရာမှာတော့ ဆိုဘိုစလိုင်က ယူရို သန်း ၇၀ နဲ့ ရှိနေပါတယ်။
ဂျပန်တိုက်စစ်သမားဟောင်း တာကူမီက အန်ဖီးကွင်းမှာ ကစားရတဲ့ အရသာဟာ လုံးဝ မေ့လို့မရပါဘူးလို့ ထုတ်ပြောလာပါတယ်။