အရေးယူခံရမယ့် ကလော့ပ်၊ ဝေဖန်ခံနေရတဲ့ ရိုဘို၊ စပါးပွဲကြို FSG ကို ဆန္ဒပြခြင်းနဲ့ လီဗာပူး သတင်းတိုများ

လီဗာပူးနဲ့ စပါးပွဲ မတိုင်ခင်မှာ အသင်းပရိသတ် အချို့က အန်ဖီးကွင်းထံ FSG ကို ဆန့်ကျင်တဲ့ စာသားပါ လေယာဉ် ဖြတ်ပျံစေမှုဖြင့် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးနဲ့ ဒိုင်လူကြီး တီယာနေးကြား ပြဿနာတွေရှိနေတယ်လို့ ကလော့ပ်ရဲ့ စွပ်စွဲချက်ကို ပရီးမီးယားလိဂ် ဒိုင်လူကြီးများအဖွဲ့က တီယာနေးဟာ ပရော်ဖက်ရှင်နယ် ဆန်ဆန် ကိုင်တွယ်ခဲ့သူလို့ တုန့်ပြန်ပါတယ်။ တီယာနေးကို ပြောခဲ့တဲ့ မှတ်ချက်အတွက် ကလော့ပ်ကို အက်ဖ်အေက အရေးယူဖွယ် ရှိပါတယ်။

ကွင်းလယ်လူ သီယေဂိုဟာ စပါးနဲ့ပွဲမှာ မပါနိုင်တာက ဒဏ်ရာကြောင့်ဖြစ်မယ်လို့ သုံးသပ်ခံထားရပြီး စပိန်သားကို အလွတ်နဲ့ထွက်ခွင့်ပေးတာထက် ဒီနွေမှာ ထုတ်ရောင်းလိုက်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါပြီ။

စပါးကို ၃ ဂိုးပြတ်သွင်းထားပြီး ၃ ဂိုး ပြန်ပေးရခြင်းအတွက် ခံစစ်မှူး ကိုနတေးနဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်တို့ရဲ့ ခံစစ်ကာကွယ်မှုတွေအတွင်း ဟန်ချက်ထိန်းရေး ပေါ့လျော့မှုဟာ အတော်လေး ထောက်ပြခံနေရပါတယ်။

စပါးပွဲမှာ ဂိုးသွင်းခဲ့တဲ့ မိုဆာလာဟာ လီဗာပူးရဲ့ ဂိုးသွင်းအများဆုံး ကစားသမားများ စာရင်းရဲ့ နံပါတ် ၆ နေရာကို လွတ်လွတ်လပ်လပ် ရယူသွားပါပြီ။

ဂျိုတာဂိုးသွင်းချိန် စတုတ္ထဒိုင်နား ပြေးလွှား အောင်ပွဲခံခဲ့တာအတွက် ကလော့ပ်ကို အနီကဒ်နဲ့ ထုတ်ပယ်သင့်တယ်လို့ စကိုင်းစပေါ့ကနေ ဂယ်ရီနဗီးက ပြစ်တင်ပါတယ်။

ရာသီကုန်ရင် လီဗာပူးအသင်း အဆင့် ၄ အတွင်း မဝင်နိုင်ဘူးလို့ ကလော့ပ်က ယတိပြတ် ပြောဆိုပြီး လက်ကျန်ပွဲတွေကို အနိုင်ယူဖို့ပဲ အာရုံစိုက်ဖို့ တိုက်တွန်းပါတယ်။

အသင်းကို ပေါ့လျော့စေမှုတွေကို ဟန့်တားခြင်းအဖြစ် လီဗာပူးမှာ ယာဂင်ကလော့ပ် ရှိတယ်ဆိုတဲ့ သူ့ရဲ့ သီချင်းကို ပွဲအတွင်း မဆိုဖို့ ကလော့ပ်က တောင်းဆိုလိုက်ပါတယ်။ အဲ့အစား ပရိသတ်တွေ ပျော်ပါး တွေ့ဆုံတဲ့ ဘားတွေမှာပဲ ဆိုပေးဖို့ သူက တောင်းဆိုတာပါ။

စကစ်ကို ကန်ခဲ့မိတာအတွက် ဂျိုတာကတော့ သိပ်ကောင်းတဲ့ ရှင်းထုတ်မှု မဟုတ်ပေမယ့် မရည်ရွယ်ခဲ့သလို စကစ်ကလည်း အတင်းဝင်တာမို့ ဖြစ်ခဲ့တာလို့ ဆိုလာပြီး ဘောလုံးလဲ ထိခဲ့တာကြောင့် အနီကဒ် မဖြစ်တာလို့ ရှင်းပြပါတယ်။

ပွဲကို အရေးနိမ့်ပေမယ့် ဘောလုံးကိုင်ခွင့်ရတိုင်း တစ်ကြိမ် ဂိုးရလုဖြစ်ခဲ့တာမို့ စပါးက လီဗာပူးထက် အပုံကြီး ပိုကောင်းတယ်လို့ ယာယီနည်းပြ ရိုင်ယန် မေဆန်က ပြောပါတယ်။

ဂရာဗင်ဘက်ချ်ဟာ လီဗာပူးထံ ပြောင်းနိုင်ရေး ဘိုင်ယန်မြူးနစ်ကို စတင် တွန်းအားပေးနေပြီလို့ မာဆေးဆိုဒ် သတင်းတွေက ဖော်ပြပါတယ်။