တိုးတက်မှုတွေအတွက် သူ စံနမူနာ ယူရသူ ၂ ဦးရဲ့ နာမည်ကို မာဒူခီ ထုတ်ပြော

ချယ်ဆီးအသင်းရဲ့ ကြယ်ပွင့် တိုက်စစ်သမား နိုနီ မာဒူခီက သူရဲ့ တိုးတက်မှုတွေ အတွက် စံနမူနာ ထားရတဲ့ ကစားသမား ၂ ဦးထဲ ဆာလာ ပါဝင်ပါကြောင်း ဝန်ခံသွားပါတယ်။

ပီအက်စ်ဗီကနေ ချယ်ဆီးကို ပြောင်းလာတဲ့ ညာတောင်ပံလူဟာ တောင်ပံကနေ ဂိုးသွင်းနိုင်စွမ်း မြင့်မားသူ တစ်ဦးဖြစ်လို့စိတ် ရှိသူပါ။ ဒါကြောင့်ပဲ ဂိုးသွင်းကောင်းတဲ့ တောင်ပံသမားတွေဖြစ်တဲ့ ဆာလာ၊ အမ်ဘတ်ပီတို့ရဲ့ ကစားဟန်တွေကို အမြဲတမ်း လေ့လာနေခဲ့ပါတယ်။

” ကျနော် အကောင်းဆုံးတွေထံက သင်ယူပါတယ်။ ကျနော်တို့ရဲ့ analyst သမားကြီး ဂျိမ်းရိုင်ဒါက အမ်ဘာပေနဲ့ ဆာလာတို့ရဲ့ ဗီဒီယိုတွေကို အမြဲ ပြလေ့ရှိပြီး ကျနော်ကလည်း သူတို့ နှစ်ဦးရဲ့ ဗီဒီယိုတွေကို အများကြီး ကြည့်ကာ လေ့လာထားပါတယ်။

ဧရိယာထဲမှာ အမြဲတမ်း ရှိနေဖို့ သူတို့ ဘယ်လို ကစားကြလဲ? အသင်းဖော်တွေက ဧရိယာထဲ ဘောလုံးရှိနေရင် ပေးမှုတွေလုပ်ဖို့ သူတို့ ဘယ်လို ကြိုးစားကြလဲ? ဒါ​တွေကို အမြဲ လေ့လာတယ်။ သူတို့ အသင်းဖော်တွေဟာ သူတို့ နှစ်ဦး နေရာကောင်းမှာ ရှိနေမယ်ဆိုတာ အမြဲတမ်း ယုံကြည်ကြပါတယ်။

ကျနော် ကိုယ်တိုင်ရဲ့ ပွဲတွေမှာလည်း လွယ်လွယ်ကူကူ လုပ်နိုင်ဖို့ ကြိုးစားတာ တစ်ခုက သွင်းဂိုးတွေပါ၊ ထိချက်ကောင်းတွေလုပ်ပြီး အဲ့ကနေ ဂိုးရဖို့ပါ။ သူတို့ကို ကြည့်ပြီး အဲ့အပိုင်းတွေ တိုးတက်လာဖို့ ကျနော် ကြိုးစားနေပါတယ် ” လို့ မာဒူခီက ဖွင့်ပြောခဲ့ပါတယ်။

ဆာလာဟာ ပရီးမီးယားလိဂ်မှာတင် မဟုတ်ဘဲ ဥရောပမှာပါ အကောင်းဆုံး ညာတောင်ပံလူ တစ်ဦးဖြစ်ကြောင်း သွင်းဂိုး မှတ်တမ်းတွေဖြင့် သက်သေပြနေသူပါ။ သူဟာ ၂၀၂၅ ခုနှစ်ထိ လီဗာပူးအသင်းနဲ့ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။