ယူရိုမှာ ခြေစွာနေတဲ့ ကိုစတက်၊ ခြေစစ်ပွဲ အောင်မြင်သွားတဲ့ စကော့တလန်၊ အရယ်ရဆုံး အသင်းဖော်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ရော်ဘတ်ဆန်နဲ့ ဗတ်ဒုတ်တို့ရဲ့ စကော့တလန် အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲကို အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဟန်ဂေရီအသင်းက သူတို့အသင်းမှာ ဆိုဘိုစလိုင်လို ကစားသမားကို အသင်းခေါင်းဆောင် အဖြစ် ပိုင်ဆိုင်ထားတာဟာ ဆုလာဘ်တစ်ခုအဖြစ် ယုံကြည်နေကြပါတယ်။

ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရီကို လီဗာပူးနဲ့အပြိုင် အာဆင်နယ်လည်း ကြိုးစားနိုင်ကြောင်း သတင်းထွက်နေပါတယ်။ အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးက ဖလူမီနက်စ်အသင်း လေ့ကျင့်ရေးကွင်းကို အလည်သွားခဲ့တာပါ။

ရော်ဘတ်ဆန် ဒဏ်ရာရနေချိန် သူ့နေရာ အစားဝင်ရဖွယ်ရှိတဲ့ ကိုစတက်ဟာ နိုင်ငံတကာ သီတင်းပတ်မှာ ဂရိအသင်းအတွက် ခြေစွမ်းပြနေပါတယ်။

ဆာလာရဲ့ ဘော်ဒီဂတ်တွေဟာ တိုက်စစ်သမားရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ပေးပြီး ဆာလာအတွက် လက်ဆောင် ပစ္စည်းတွေ လက်ခံပေးရပြီဆိုရင် အထဲမှာ ဘာရှိလဲ စကန်ဖတ်ကြည့်ပြီး လုံခြုံကြောင်း သေချာမှ ဆာလာထံ ပို့တယ်လို့ သိရပါတယ်။

လီဗာပူး အဝတ်လဲခန်းထဲမှာ အရယ်ရဆုံး အသင်းဖော်က ရိုဘိုဖြစ်ကာ သူဟာ အသင်းဖော်တွေကို မကြာခဏ စနောက်တတ်တယ်လို့ ရိုင်ယန် ဂရာဗင်ဘက်ချ်က ပြောပါတယ်။

ဒီရာသီအစမှာ လီဗာပူးအသင်းဟာ အဆိုးရွားဆုံး ပွဲစဉ် ဇယားတွေကို ရရှိနေပြီး ကြာသပတေးနေ့ ညပွဲနဲ့ တနင်္ဂနွေနေ့ နေ့ခင်းပွဲတွေ တွဲရထားတာက အတော်လေး အဆင်မပြေဘူးလို့ မာတစ်က ထုတ်ပြောသွားပါတယ်။