ဂိုးသွင်းတဲ့ ဗန်ဒိုက်၊ အသင်းခေါင်းဆောင် တာဝန်ရခဲ့တဲ့ ဟာဗေး၊ ရှမတ်ကီကို သက်တမ်းတိုးခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဖလူမီနက်စ် အကြီးအကဲတွေဟာ လီဗာပူးအသင်း တာဝန်ရှိသူတွေဖြင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာနဲ့အတူ ဇန်နဝါရီမှာ အန်ဒရီအတွက် မာဆေးဆိုဒ်ကလပ်ကို ဦးစားပေးမယ်လို့ သိရပါတယ်။

ယူရို ယူ-၂၁ ခြေစစ်ပွဲအဖြစ် ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ အင်္ဂလန် ယူ-၂၁ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဟာဗေး အီးလီးယော့က တာဝန်ယူခဲ့ပါတယ်။

ဂရိ ၀-၁ နယ်သာလန် ပွဲစဉ်မှာ ကိုစတက်ကော ဗန်ဒိုက်ပါ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တယ်။ အဆိုပါပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ဗန်ဒိုက်က သွင်းယူခဲ့ကာ နယ်သာလန်တို့ ယူရို ခြေစစ်ပွဲ အောင်မြင်ရေး အဓိကကျမယ့် နိုင်ပွဲကို ရရှိစေခဲ့ပါတယ်။

ယူနိုက်တက်ကို ပေါင် ၈ ဘီလျံဖြင့် ဝယ်ယူရေး ကြိုးစားမှု နောက်ဆုံး ကာလမှာ ပျက်ပြယ်ခဲ့ခြင်းအတွက် ကာတာဘက်က ဂလေဇာတို့ကို ဒေါသတကြီး တုန့်ပြန်မှု လုပ်လိုရင် မန်ချက်စတာကလပ်ရဲ့ မဟာပြိုင်ဘက် လီဗာပူးကို ဝယ်ယူလိုက်တာပဲလို့ အင်္ဂလန်သတင်းထောက်တွေက မှတ်ချက်ပေးနေပါတယ်။

လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီကို ၃ လ တာဝန် ပေးထားရာကနေ ရာသီကုန်ထိ သက်တမ်းတိုးခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်း ရာထူးကြီး ပုဂ္ဂိုလ်အချို့ကတော့ ကလပ်က လိုက်ဇစ် အားကစားဒါရိုက်တာဟောင်း Max Eberl ကို ချဉ်းကပ်မယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ရှော်ကေးအသင်းမှ ကွင်းလယ်လူ Assan Ouedraogo ရဲ့ တိုးတက်မှုကို ဆက်တိုက် စောင့်ကြည့်နေပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ဆယ်ကျော်သက်လေးကို ၂၀၂၄ မှာ ယူရို သန်း ၂၀ ဖြင့် ခေါ်ယူခွင့် ရှိထားပါတယ်။