

ထရန့်၊ ဗန်ဒိုက်၊ ဂက်ပို၊ ဂျိုတာ၊ ရော်ဘတ်ဆန်၊ ကိုနတေးတို့ရဲ့ သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေဟာ ၂၀၂၄ ယူရို ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါပြီ။
ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာ ခွဲစိတ်မှု လုပ်ရမလား မလုပ်ရဘူးလား အခြေအနေအတွက် လီဗာပူးအသင်းဘက်က ဆေးစစ်ချက်ကို စောင့်ဆိုင်းနေဆဲပါ။
ဥရုဂွေးက ဘရာဇီးအသင်းကို ၂-၀ ဖြင့် အနိုင်ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဒါဝင်က ကိုယ်တိုင် ဂိုးသွင်းခဲ့ကာ ဂိုးထောက်ပံ့မှု တစ်ကြိမ် လုပ်နိုင်ခဲ့ပါတယ်။
Darwin Nunez opens the score against Brazil.
DARWIZZYYYY pic.twitter.com/JC0shJjPvP
— Anything Liverpool (@AnythingLFC_) October 18, 2023
အီကွေဒေါနဲ့ ကိုလံဘီယာတို့ ဂိုးမရှိ သရေကျတဲ့ မနက်ကပွဲမှာ ဒီယက်ဇ် ပင်နယ်တီ ကန်ခွင့်ရပေမယ့် လွဲချော်ခဲ့ပါတယ်။
လီတူနေးရီးယား ၂-၂ ဟန်ဂေရီပွဲစဉ်မှာ ဆိုဘိုစလိုင်ဟာ ကိုယ်တိုင် ဂိုးသွင်းပြီး အသင်းဖော် ဂိုးရဖို့ တစ်ကြိမ် ဂိုးထောက်ပံ့ပေးသွားပါတယ်။
လီဗာပူး အားကစားဒါရိုက်တာဟောင်း ဂျူလီယန်ဝတ်ဟာ ကလပ်ထံ ပြန်လာနေပြီး အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ကူညီပေးနေကြောင်း သတင်းတွေဟာ မဟုတ်မှန်ပါကြောင်း ငြင်းဆန်ခံခဲ့ရပါတယ်။
ခံစစ်မှူး မာတစ်ကတော့ အသင်းရဲ့ ကစားဟန်မှာ သူ အထိုင်ကျနေတာ ကြာခဲ့ပြီ ဖြစ်သလို သူ့ရဲ့ နောက်ဆုံး လီဗာပူး ဘောလုံးရာသီမှာ အစွမ်းကုန် ပေးဆပ်သွားလိုတယ်လို့ ထုတ်ပြောလာပါတယ်။
လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ စကားပြောနေခြင်း မရှိတဲ့ မူဆီယာလာကို အန်ဖီးထံ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
၂၀၂၄ နွေမှာ ဆာလာကို ဆုံးရှုံးရနိုင်တဲ့ အခြေအနေကို စိတ်ပူနေတဲ့ လီဗာပူးအသင်းဟာ သူ့နေရာ အစားထိုးနိုင်မယ့် ပစ်မှတ်တွေကို စတင် ရှာဖွေနေပြီလို့ သိရပါတယ်။
နိုင်ငံတကာသီတင်းပတ်အတွင်း အင်တာဗျူးတစ်ခုမှာ ဒီဘရိုင်းကို ငယ်စဉ်တည်းက အားပေးခဲ့တဲ့ အသင်းအကြောင်း မေးခဲ့ချိန် လီဗာပူးလို့ မန်စီးတီး ကွင်းလယ်လူက ပြုံးရယ်ပြီး ပြန်ဖြေပါတယ်။