NEWS: ဂက်ပို၊ ဒါဝင်တို့ အနည်းငယ် ပါဝင်သွားခဲ့တဲ့ ကြာသပတေးနေ့ လီဗာပူးအသင်း လေ့ကျင့်ရေး အစီအစဉ်

နိုင်ငံတကာ သီတင်းပတ်အပြီး ကြားသပတေးနေ့ လီဗာပူးအသင်း လေ့ကျင့်ရေး အစီအစဉ် အချို့မှာ ဂက်ပို ပြန်လည် ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက စပါးကို ၂-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ဂက်ပို ဒူးဒဏ်ရာ ရခဲ့တာပါ။ ကာလရှည် အနားယူရမယ့် အခြေအနေကနေ ကင်းလွှတ်ခဲ့ပေမယ့် အခုချိန်ထိ အသင်းလိုက် လေ့ကျင့်ရေး အပြည့်အစုံကို ပါဝင်နိုင်ခြင်း မရှိပါဘူး။

ကြာသပတေးနေ့ နေ့လည်ခင်း အသင်းရဲ့ လေ့ကျင့်ရေးကို စကိုင်းစပေါ့ လာရောက် ရိုက်ကူးရာမှာ ဂက်ပိုကို ပြန်မြင်ခဲ့ရတာ ဖြစ်ပါတယ်။ သို့ပေမယ့် လီဗာပူးအသင်းက ရုပ်သံဌာနတွေကို သွေးပူလေ့ကျင့်ရေး အစီအစဉ်ကိုပဲ ရိုက်ကူးခွင့်ပေးခဲ့တာမို့ နောက်ပိုင်း အခြေအနေကိုတော့ အသင်းဘက်က ထုတ်ပြန်မှ သိရပါမယ်။

ဒဏ်ရာက ပြန်သက်သာလာတဲ့ ကစားသမားတွေကလည်း လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတွေမှာ ပါဝင်ခဲ့တယ်လို့ သိရတယ်။ အဲ့နောက်မှာ သူတို့က တစ်ဦးချင်းဆိုင်ရာ လေ့ကျင့်ရေးတွေကိုပဲ ဆက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂက်ပိုကတော့ လေ့ကျင့်ရေး အချို့ကို ပူးပေါင်းနိုင်ခဲ့တာမို့ အဲဗာတန်ပွဲမှာ ပွဲနေ့ လူစာရင်းအတွက် ပါဝင်လာဖို့ ရှိပါတယ်။ ဒါဝင် နူးညက်လည်း လေ့ကျင့်ရေး အစီအစဉ် အချို့မှာ ပါဝင်ခဲ့သေးတာမို့ ပွဲထွက်လူစာရင်းထဲ မပါနိုင်ရင်တောင် ပွဲနေ့ လူစာရင်းထဲ ပါလာနိုင်ဖွယ် ရှိပါတယ်။

နိုင်ငံတကာ သီတင်းပတ်မှာ ၂၈ မိနစ်ပဲ ကစားခဲ့တဲ့ ဂျိုတာကတော့ ပွဲပယ်ကနေပါ ကင်းလွှတ်သွားပြီမို့ အဲဗာတန်ပွဲမှာ ပါဝင်နိုင်ပြီ ဖြစ်ပါတယ်။